
ယခုအချိန်ကာလသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာ၍လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များသည် စီးပွားရေးလုပ်ငန်းများ စတင်ရင်းနှီး လုပ်ကိုင်ရန်အတွက် စုဆောင်းထားသော ရွှေထည်များကို ရွှေဆိုင်များ တွင် ရောင်းချမှုများ ဆက်လက်များပြားလျက်ရှိသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်း ကမ္ဘာ့ရွှေဈေးနှုန်း မှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၂၀ ဖြစ်၍ ယခင်အပတ် ရွှေဈေးနှုန်းထက် ၉၅ ဒေါ်လာပိုမိုခဲ့ပြီး မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်း၏ ရည်ညွှန်းဈေးနှုန်းမှာလည်း ယခုအပတ် ငွေကျပ် ၂၀၁၄၀၀ဝ ဖြစ်ပြီး ယခင်အပတ်ထက် ငွေကျပ် ၉၅၀၀ဝ ပိုမိုသတ်မှတ်ခဲ့သော်လည်း ဈေးကွက်ပေါက် ဈေးနှုန်းမှာ ရည်ညွှန်းဈေးနှုန်းထက် ခုနစ်သိန်းကျော် ပိုမိုနေပြီး လက်ရှိဈေးကွက်တွင် ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၂၇၃၀၀၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း တွေ့ရှိရသည်။ ပြည်တွင်းဈေးကွက်တွင် ရွှေစုဆောင်းလိုမှု လျော့ကျလာပြီး ဝယ်လိုအား ထက် ရောင်းလိုအား ပိုမိုနေသဖြင့် ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်းမှာ လိုက်ပါမြင့်တက်နေပြီး ယခင်အပတ် ဈေးကွက်ပေါက်ဈေးနှုန်းထက် ငွေကျပ် ၃၀၀၀ဝခန့် ပိုမိုကာ အရောင်း အဝယ်ဖြစ်နေကြောင်း သတင်းရရှိသည်။
DOCA (ရန်ကုန်)