ပြည်တွင်းကုန်စည်ပို့ဆောင်ရေး ဈေးနှုန်းများမြင့်တက်

 

ရန်ကုန်  ဩဂုတ်  ၂၅


ဒေသထွက်သီးနှံများ သယ်ယူပို့ဆောင်ရာတွင် စက်သုံးဆီဈေးနှုန်းမြင့်မားသဖြင့်  သယ်ယူ စရိတ်များလည်း မြင့်တက်လျက်ရှိကြောင်း ကုန်သည်နှင့်      တွဲကားမောင်းသူများထံမှ သိရသည်။

 


“စက်သုံးဆီဈေးက    မြင့်နေတဲ့အတွက် သယ်ယူစရိတ်တွေကလည်း ပြီးခဲ့တဲ့လက ထက်  ပိုပြီးမြင့်လာတာကို  တွေ့ရပါတယ်။ ဈေးနှုန်းတွေက   ကုန်စည်ရဲ့   အလေးချိန် အလိုက် ယူကြတာများတယ်။ လောလော ဆယ် ဈေးကွက်ပေါက်ဈေးအရ ရန်ကုန်ကနေ မြစ်ကြီးနားဆိုရင် တစ်တန်ကို ကျပ် ၉၄၀၀၀ လောက် ယူကြတယ်။ ရန်ကုန်-အောင်ပန်းက တစ်တန်ကို ကျပ် ၃၆၀၀၀၊ ရန်ကုန်-နောင် တရားက တစ်တန်ကို ကျပ် ၃၈၀၀၀၊ ရန်ကုန်- တောင်ကြီးက   ကျပ်   ၃၇၀၀၀၊  ရန်ကုန်-မန္တလေးက  တစ်တန်ကို   ကျပ်   ၃၄၀၀၀၊ ရွှေပြည်သာ-ဆိုက်ခေါင်က တစ်တန်ကို ကျပ် ၄၁၀၀၀ ဝန်းကျင်လောက် ဈေးနှုန်းရှိကြ တယ်။ ဒါကတော့ ဒီရက်ပိုင်းဈေးနှုန်းတွေပါ။ စက်သုံးဆီဈေးအပေါ်မူတည်ပြီး ပြောင်းလဲမှု တွေရှိတယ်။ အခုရက်ပိုင်းကတော့ နယ်စပ် ပို့ကုန်အသွားနည်းပြီး ပြည်တွင်း ကုန်စည် သယ်ယူတာ    ပိုများတယ်”   ဟု   သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း   ဝန်ဆောင်သူတစ်ဦးက ပြောသည်။

 


ထို့အတူ     နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြဝတီကုန်သွယ်ရေးဇုန် အာရှလမ်းမကြီးပေါ် တွင်လည်း မော်တော်ယာဉ်များ ညအိပ်ရပ်နားခွင့်မပြုတော့ကြောင်းနှင့်   RO  မရရှိဘဲ မော်တော်ယာဉ်များ    အာရှလမ်းမကြီးပေါ် သွင်းကုန်/ပို့ကုန် ယာဉ်များ အစစ်ဆေးခံရန် ကြိုတင်တန်းစီနေရာယူခြင်း       မပြုရန် ညွှန်ကြားထားသဖြင့် မြဝတီအတက်အဆင်း ကုန်တင်ကားငှားရမ်းခများ ဈေးနှုန်းအနည်း ငယ်မြင့်တက်လာနိုင်ကြောင်း    ယာဉ်မောင်း များထံမှ သိရသည်။                          

ကိုရိုး