ပြည်တွင်းစက်သုံးဆီဖူလုံစေရေးအတွက် စက်သုံးဆီများပုံမှန်တင်သွင်းဆောင်ရွက်လျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၁၉
စက်သုံးဆီ    တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေဖြင့်   စက်သုံးဆီ အမျိုးအစားအလိုက်  ဖူလုံမှုရှိစေ ရေး   စိစစ်တင်သွင်းဆောင်ရွက် လျက်ရှိရာ စက်သုံးဆီတင်သွင်းမှု အခြေအနေမှာ   အောက်တိုဘာ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT Glory Star သင်္ဘော သည် ပရီမီယံဒီဇယ်ဆီ ၁ ဒသမ ၃၉   ဂါလန်သန်း   ဆီချလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး ဓာတ်ဆီ 92 Ron  ၀ ဒသမ ၅၀ ဂါလန်သန်း နှင့် ရိုးရိုးဒီဇယ်ဆီ  ၁ ဒသမ ၁၂  ဂါလန်သန်း တင်ဆောင်လာသည့် MT Fly  Marlin  သင်္ဘော၊ ရိုးရိုး ဒီဇယ်ဆီ   ၁  ဒသမ  ၇၃  ဂါလန် သန်းနှင့် ပရီမီယံဒီဇယ်ဆီ  ၂ ဒသမ ၅၅    ဂါလန်သန်း   တင်ဆောင် လာသည့် MT Beluga Pacific သင်္ဘောနှင့်  ဓာတ်ဆီ   92  Ron  ၁ ဒသမ ၈၄  ဂါလန်သန်း၊   ရိုးရိုး ဒီဇယ်ဆီ  ၂ ဒသမ ၁၄ ဂါလန်သန်း နှင့် ပရီမီယံဒီဇယ်ဆီ ၁ ဒသမ ၀၆  ဂါလန်သန်း   တင်ဆောင်လာသည့် MT  Yu  Hai သင်္ဘောတို့သည် အောက်တိုဘာ   ၁၉    ရက်တွင် သက်ဆိုင်ရာ   Terminal  များသို့ ဆိုက်ကပ်၍    ဆီချလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သဖြင့်    ရန်ကုန်၊   သီလဝါ ဆီလှောင်ကန်   လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန် အခြေအနေ များအရ         စက်သုံးဆီဖူလုံမှု ရှိကြောင်း စိစစ်တွေ့ရှိရသည်။
စက်သုံးဆီ        ဈေးနှုန်းများ အနေဖြင့်    ယခုရက်သတ္တပတ် တွင်   ကမ္ဘာ့စက်သုံးဆီဈေးနှုန်း များ   အနည်းငယ်     မြင့်တက်လာ သော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ   သိသိသာသာ  ပြောင်းလဲမှုမရှိကြောင်း သတင်း ရရှိသည်။
 

သတင်းအရင်းအမြစ် - စီးပွား/ကူးသန်း