ပြည်တွင်းအတွက် လိုအပ်သော စက်သုံးဆီ၊ စက်ဆီချောဆီများကို ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်

 

နေပြည်တော်  ဒီဇင်ဘာ   ၁၇


လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စွမ်းအင်ကဏ္ဍဆိုင်ရာ   လုပ်ငန်း များနှင့်ပတ်သက်၍   လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 


အစည်းအဝေးသို့      လျှပ်စစ် နှင့်       စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဦးအောင် သန်း ဦး၊ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း     ခေတ္တ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဦးစီး ဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြား ရေးမှူးချုပ်များ၊     ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီး အကဲများ၊ မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်း၊ အမှတ်(၁) ရေနံချက် စက်ရုံ (သန်လျင်)   စက်ရုံမှူးနှင့် တာဝန်ရှိသူများ၊    မြန်မာ့ရေနံ နှင့်   သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ညွှန်ကြားရေးမှူးများနှင့် အထွေထွေ မန်နေဂျာများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ သန်လျင်ရေနံချက် စက်ရုံနှင့်   စက်ဆီချောဆီစက်ရုံ တို့ကို ပြန်လည်လည်ပတ်နိုင်ရေး အတွက်  နိုင်ငံတော်အကြီးအကဲ မှ     လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်   ပြီးစီးမှု နှင့်ပတ်သက်၍ မြန်မာ့ရေနံဓာတု ဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူးနှင့်  အမှတ် (၁) ရေနံချက် စက်ရုံ (သန်လျင်) စက်ရုံမှူးတို့က ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက   ပြည်တွင်းအတွက် လိုအပ်သော စက်သုံးဆီ၊   စက်ဆီ ချောဆီများကို ဖြည့်ဆည်းနိုင်ရေး နည်းလမ်းပေါင်းစုံ    စဉ်းစား၍ ကြိုးပမ်း      ဆောင်ရွက်ကြရန်   နှင့်  စက်ရုံပြင်ဆင်လည်ပတ်၍ ပြည်တွင်း၌ လိုအပ်သော ကတ္တရာ များ   ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ရန်လိုအပ်သဖြင့် စိတ် ဝင်စားသော အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍     အကောင် အထည်ဖော်ကြရန်ဖြစ်ကြောင်း၊ စက်ဆီချောဆီစက်ရုံမှ    Mono Grade    ချောဆီများ   အမြန် ထုတ်လုပ်၍     လိုအပ်လျက်ရှိနေ သော ဝန်ကြီးဌာနများသို့ အမြန် ဆုံး ဖြန့်ဖြူးပေးနိုင်ရေး  ဆောင် ရွက်ရန်ဖြစ်ကြောင်း၊ ထို့ပြင် Multi Grade ထုတ်လုပ်နိုင်ရေး    စက် ပစ္စည်း၊    ဓာတ်ခွဲခန်းသုံးပစ္စည်း နှင့် နည်းပညာလိုအပ်ချက်များကို စဉ်းစားထားပြီး စီမံချက်ကို အမြန် ပြုစုတင်ပြရန်ဖြစ်ကြောင်း၊ ဌာန ဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်သည့်အပြင်   ပြင်ပပုဂ္ဂလိက ဝယ်ယူသူများ အရည်အသွေးနှင့် သင့်တော်သည့်     ဈေးနှုန်းကို ကြိုက်နှစ်သက်ပြီး   ဝယ်ယူအား ပေးလာကြစေရန် ထုပ်ပိုးမှုစနစ် နှင့်     ဝန်ဆောင်မှုစနစ်တို့ကို ပြောင်းလဲကာ   Business    ပုံစံ အသစ်ဖြင့်   တီထွင်ဆန်းသစ် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ အမှတ်(၁)     ရေနံချက်စက်ရုံ (သန်လျင်)   စက်ရုံဝင်းအတွင်းရှိ ပေါ်တူဂီဘုရားကျောင်း၊     ရုံး အဆောက်အအုံ၊ ဧည့်ရိပ်သာနှင့် အရာထမ်းအိမ်ရာတို့သည် သမိုင်း ဝင်အဆောက်အအုံများ ဖြစ်သဖြင့် ရှေးမူမပျက်   ပြင်ဆင်မွမ်းမံခြင်း၊ ဆေးသုတ်ခြင်း၊   ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ထိန်းသိမ်းပြုပြင်မှုနှင့်    ပုံမှန် သန့်ရှင်းသာယာရေးကို   ဆောင် ရွက်ရန်        လိုအပ်ပါကြောင်း မှာကြားသည်။

 


ကြည့်ရှုစစ်ဆေး


ဆက်လက်၍    မြန်မာ့ရေနံ နှင့်   သဘာဝဓာတ်ငွေ့လုပ်ငန်း လက်အောက်ရှိ        သာကေတ ကမ်းလွန်အခြေစိုက်စခန်းအတွင်း ဆိပ်ကမ်း၊   ရုံးအဆောက်အအုံ၊ ပစ္စည်းစုပုံစခန်း၊   သ‌င်္ဘောကျင်း များ ပြုပြင်မွမ်းမံမှုများနှင့် လူမှု ရေးတာဝန်သိမှု  လုပ်ငန်းဆောင် ရွက်မှုကို မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း    ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူ များက တင်ပြရာ  ပြည်ထောင်စု ဝန်ကြီးက   လုပ်ငန်းသုံးရေယာဉ် များ သတ်မှတ်စည်းကမ်းချက်နှင့် ကိုက်ညီအောင် ပြုပြင်မွမ်းမံရေး၊ ပစ္စည်းစုပုံစခန်းများနှင့်   ဂိုဒေါင် များအား အဆင့်မြှင့်တင်ရေး၊ ဌာန ၏ လူမှုရေးတာဝန်သိမှု  ဆောင် ရွက်မှုများကို သက်ဆိုင်ရာဒေသ နေ ပြည်သူများသိရှိပြီး ထိရောက် စွာ အသုံးပြုရေး၊   ပစ္စည်းများ စနစ်တကျထိန်းသိမ်း  သိုလှောင် ရေးနှင့်   မီးဘေးအန္တရာယ်ဂရုပြု ရေးတို့ကို   မှာကြားပြီး   စက်ရုံ အတွင်း လုပ်ငန်းဆောင်ရွက်မှုနှင့် ကမ်းလွန်အခြေစိုက်စခန်းတို့ကို လှည့်လည်ကြည့်ရှု    စစ်ဆေးခဲ့ ကြောင်း  သိရသည်။


သတင်းစဉ်