ပြည်တွင်း/ ပြည်ပ ခရီးသွားများ အဟန့်အတားမဲ့ခရီးသွားလာနိုင်ရေး ခရီးသွားပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်လိုအပ်

 

ပဲခူး    ဩဂုတ်    ၂၂


ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ် ၂၁ ရက် မွန်းလွဲပိုင်းက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်ကျင်းပသည်။


ရှေးဦးစွာ     တိုင်းဒေသကြီး  ဒေသဆိုင်ရာ     ခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူး တိုင်းဒေသကြီးအတွင်း ခရီးသွား လုပ်ငန်းများ     ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ဒေသထွက်ကုန်များ၊ ဒေသအစားအစာများ၊ တောတောင်   ရေမြေသဘာဝနှင့်    ရှေးဟောင်း ယဉ်ကျေးမှု       နယ်မြေသစ်များ   ဖော်ထုတ်    ဆောင်ရွက်သွားရန် လိုအပ်သလို  ရာသီအလိုက်ပွဲတော် များ   ကျင်းပသွားရန်    လိုအပ် ကြောင်း၊ ပြည်တွင်း/ ပြည်ပ ခရီး သွားများ   အဟန့်အတားမဲ့    ခရီး သွားလာနိုင်ရေး  ခရီးသွားပတ်ဝန်း ကျင်ကောင်းများ  ဖန်တီးပေးရန်  လိုအပ်သလို       မြို့ပြသန့်ရှင်း သာယာလှပရေးကိုလည်း စဉ်ဆက် မပြတ်  ဆောင်ရွက်ရန်    လိုအပ် ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည်     တိုင်းရင်းသားပေါင်းစုံ      စုပေါင်း နေထိုင်လျက်ရှိပြီး  တိုင်းရင်းသား ရိုးရာ  ယဉ်ကျေးမှု  ပွဲတော်များ၊ တိုင်းရင်းသားရိုးရာ  အစားအစာ များ၊  တိုင်းရင်းသားကျေးရွာတို့၏ လူနေမှု              ဓလေ့စရိုက်များကို     ပြန်လည်ဖော်ထုတ်၍      ခရီးစဉ် အသစ်များ ထပ်မံချဲ့ထွင်ဆောင် ရွက်ရန် လိုအပ်ကြောင်း၊ ပဲခူးတိုင်း ဒေသကြီးသို့     လာရောက်လည် ပတ်မည့်       ခရီးသွားဧည့်သည် များအတွက် မှန်ကန်သည့်သတင်း  အချက်အလက်များ ပေးနိုင်ရေး၊ နိုင်ငံတကာနှင့် ပြည်တွင်းခရီးသွား ပြပွဲများတွင် ဝင်ရောက်ပြသခြင်း အပြင်    ဒေသအလိုက်      ခရီးစဉ် လမ်းကြောင်းများကို သက်ဆိုင် ရာ Travel and Tour ကုမ္ပဏီများ နှင့်  ကြိုတင်ချိတ်ဆက်  ဆောင် ရွက်ရန်နှင့်      ပဲခူးတိုင်းဒေသကြီး  အတွင်း  ဒေသဆိုင်ရာ  ခရီးသွား  လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရေး အားလုံးဝိုင်းဝန်းကြိုးစားကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက်  ဟိုတယ်နှင့်   ခရီး  သွားလာရေးညွှန်ကြားမှုဦးစီးဌာန  တိုင်းဒေသကြီး   ဦးစီးဌာနမှူးက  ဟိုတယ်ဆောက်လုပ်ခွင့် တင်ပြ ခြင်း၊     လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားခြင်း၊ ဟိုတယ်လိုင်စင်           အမည်ပြောင်းခြင်း၊      ဟိုတယ် အမည်ပြောင်းခြင်း လျှောက်ထား ခြင်းများကို Power Point ဖြင့် တင်ပြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသ ကြီး စီးပွားရေးရာဝန်ကြီး ဦးတင်ဦး က တင်ပြချက်များနှင့်  ပတ်သက် ၍   ဖြည့်စွက်ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့်      ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ အဖွဲ့ဝင်များက     အကြံပြုတင်ပြ ချက်များအပေါ် တိုင်းဒေသကြီး     ဝန်ကြီးချုပ်က   လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)