ပြည်တက္ကသိုလ်၌ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် မျောက်ကျောက်ရောဂါသိကောင်းစရာများ အသိပညာပေး

ပြည်  ဩဂုတ်  ၂၈
အဆင့်မြင့်ပညာဦးစီးဌာန ပြည် တက္ကသိုလ်နှင့်            ပြည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ပြင်းထန် ဝမ်းပျက်ဝမ်းလျှော      ရောဂါနှင့် Mpox (မျောက်ကျောက်) ရောဂါ အကြောင်း သိကောင်းစရာအသိ ပညာပေးဟောပြောပွဲကို  သြဂုတ်     ၂၇     ရက်က      ပြည်တက္ကသိုလ်       ဘက်စုံသုံးခန်းမ၌             ကျင်းပ သည်။ 
ဟောပြောပွဲတွင်        ပြည် တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ   သက်သက်ထွန်းက ပြည်တက္ကသိုလ်    ကျောင်းသား ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအပါအဝင် ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတများနှင့် ကြိုတင်ကာကွယ် ရေးနည်းလမ်းများကိုသိရှိစေရန် ရည်ရွယ်၍      ကျင်းပရခြင်းဖြစ် ကြောင်း  ပြောကြားသည်။
ထို့နောက်   ခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန    ဒုတိယဦးစီးမှူး ဒေါက်တာသဉ္ဇာက   ဝမ်းရောဂါပိုး များပါရှိသည့်      မသန့်ရှင်းသော    ရေနှင့်          အစားအစာများကို  စားသောက်မိရာမှ     တစ်ဆင့်      ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ  ကူးစက်မှုဖြစ်ပွားရခြင်း အကြောင်း၊ ရောဂါလက္ခဏာများအကြောင်း နှင့်ရောဂါမဖြစ်ပွားအောင် လိုက်နာ ဆောင်ရွက်သင့်သည့်    ကျန်းမာ ရေးဆိုင်ရာ   ဆောင်ရန်/ရှောင်ရန် အချက်များ အကြောင်း၊ ကြိုတင် ကာကွယ်နိုင်သော နည်းလမ်းများ နှင့် ရောဂါဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာန၌        အချိန်မီ  ဆေးကုသမှုခံယူရမည့်အကြောင်း များကို အသိပညာပေး ဆွေးနွေး ခဲ့သည်။
ယင်းနောက်  ကျောင်းသား ကျောင်းသူများ၏  ကျန်းမာရေး ဆိုင်ရာ သိရှိလိုသည့်  မေးမြန်း ဆွေးနွေးမှုများအပေါ်  ဆွေးနွေး ဟောပြောသူများက   ပြန်လည် ဖြေကြားဆွေးနွေးကြပြီး     ခရိုင် ပြည်သူ့     ကျန်းမာရေးဝန်ထမ်း များက ကျောင်းသား ကျောင်းသူ များနှင့်    ဆရာ   ဆရာမများထံ ကျန်းမာရေး       ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်      ပြင်းထန် ဝမ်းပျက်ဝမ်းလျှော    ရောဂါနှင့်     Mpox (မျောက်ကျောက်) ရောဂါ ဆိုင်ရာ ကာကွယ်ရေးနှိုးဆော်ချက် များပါဝင်သည့်     အသိပညာပေး          လက်ကမ်းစာစောင်များ   ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)