ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်   ဇွန်   ၃၀


ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်  ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ၏ လုပ်ငန်းကော်မတီ တစ်ရပ်ဖြစ်သော     ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်ရေးလုပ်ငန်းကော်မတီ၏  (၁/၂၀၂၁) ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နိုင်ငံခြား ရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်    ပူးပေါင်းဆောင် ရွက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊   နိုင်ငံခြားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ကော်မတီအဖွဲ့ဝင်များအနေဖြင့် အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရာတွင် နိုင်ငံတော်၏အကျိုးစီးပွား၊  အစိုးရ၏  မူဝါဒနှင့် မြေပြင်တွင်   အမှန်တကယ်  လိုအပ်ချက်များနှင့် ကိုက်ညီရန် လိုအပ်ကြောင်း၊ ကော်မတီ၏ လုပ်ငန်း တာဝန်များတွင် လူသားချင်းစာနာထောက်ထားမှု  ကိစ္စများနှင့်အတူ     ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အပါအဝင် ဖွံ့ဖြိုးတိုးတက်မှုကိစ္စများပါဝင်ကြောင်း၊ သို့ဖြစ်၍   လုပ်ငန်းများဆောင်ရွက်ရာတွင်   ရခိုင် ပြည်နယ်တစ်ခုလုံးအတိုင်းအတာနှင့် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကိုပါ   ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများသည် မြေပြင်၌ ထင်သာ မြင်သာရှိသည့်ရလဒ်ဖြစ်ရန် လိုအပ်ကြောင်း၊ သို့ဖြစ် ၍  ပူးပေါင်းဆောင်ရွက်ခြင်းနှင့်အတူ စောင့်ကြည့်  လေ့လာခြင်း၊  အကဲဖြတ်ခြင်းတို့ ဆောင်ရွက်လျှင် ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက် မှုများကိုလည်း  သတင်းမှန်ပြန်ကြားရန်  လိုအပ် ကြောင်း ပြောကြားသည်။


ထို့နောက် ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများမှ  ဒုတိယဝန်ကြီးများက ရခိုင်ပြည်နယ်တွင် ဝန်ကြီးဌာန များအလိုက် ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင်များက   ရခိုင်ပြည်နယ်တွင် အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင် ရွက်နေမှုအခြေအနေနှင့်  ပညာရေး၊  ကျန်းမာရေး အပါအဝင်  ဆက်လက်ပူးပေါင်းဆောင်ရွက်လိုသည့် ကဏ္ဍများကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။ 


ယင်းနောက်        ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်   ပူးပေါင်းဆောင် ရွက်ရေးလုပ်ငန်းကော်မတီ       အတွင်းရေးမှူး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ကော်မတီအနေဖြင့်      ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး   ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က သတင်းမှန်ပြန်ကြားရေး၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း ၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။ 


သတင်းစဉ်