ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်    ဇွန်    ၉


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စား လှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 


ယင်းတွေ့ဆုံပွဲသို့    နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


တွေ့ဆုံစဉ် H.E. Dr. KUNG Phoak က မြန်မာ နိုင်ငံအရေးကိစ္စနှင့် ပတ်သက်၍ အပြုသဘောဆောင် ဆွေးနွေးညှိနှိုင်းသင့်ပြီး    ဖယ်ကြဉ်ထားခြင်းကို မပြုလုပ်သင့်ဟု    ကမ္ဘောဒီးယားနိုင်ငံမှ   ယူဆပါ ကြောင်း၊ အာဆီယံ၏ တူညီဆန္ဒ(၅)ချက်၏ စတုတ္ထ အချက်အား အကောင်အထည်ဖော်ဆောင်ရာတွင် လိုအပ်ချက်ဆန်းစစ်ခြင်း   လုပ်ငန်းများအပါအဝင် ဖြစ်ပေါ်တိုးတက်မှုများကို ကျေနပ်အားရပါကြောင်း၊ ကျန်ရှိသည့်အချက်များနှင့်ပတ်သက်၍ အပြန်အလှန် သဘောတူညီပြီး အဆင်ပြေမည့် နည်းလမ်းများဖြင့် အကောင်အထည်ဖော်ဆောင်သွားရန်    ဆွေးနွေး ပြောကြားသည်။

 


ပြည်ထောင်စုဝန်ကြီးက    မြန်မာနိုင်ငံအစိုးရ အနေဖြင့် ပြည့်ဝသောဒီမိုကရေစီ တည်ဆောက်ရေး အတွက်   ငြိမ်းချမ်းရေးနှင့်    သာယာဝပြောရေး သည် အခြေခံအုတ်မြစ်များဖြစ်သည့်အားလျော်စွာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်း ရေးဆွေးနွေးခြင်းများ      ဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းလျက် ရှိကြောင်း၊ မြန်မာပြည်သူများ၏အကျိုးကို ရည်မျှော် ၍ အာဆီယံ၏ တူညီဆန္ဒ(၅) ချက် အကောင်အထည် ဖော်ဆောင်ရေး၌  သိသာထင်ရှားသော   ဖြစ်ပေါ် တိုးတက်မှုများရှိပါကြောင်း၊ မြန်မာနိုင်ငံ၌ ဖြစ်ပေါ် သည့် ကိစ္စရပ်များသည် နိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်အဖြစ် ပုံဖော်မှုမပြုသင့်ပါကြောင်း၊ အာဆီယံ၏ တူညီဆန္ဒ (၅) ချက်ကို အကောင်အထည်ဖော်ရာတွင် မြန်မာ နိုင်ငံ၏   တည်ဆဲဥပဒေ၊   နည်းဥပဒေများနှင့်အညီ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနှင့်        ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


သတင်းစဉ်