
နေပြည်တော် ဒီဇင်ဘာ ၂၃
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အိန္ဒိယနိုင်ငံ ပြည်ပ ရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် ရှရီ ဟာ့ရှ် ဗာ့ဒ်ဟန် ရှရင်ဂလာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။
ဆွေးနွေး
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ရှိရင်းစွဲဆက်ဆံ ရေးကို ပိုမိုတိုးမြှင့်ရေး၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကဏ္ဍများဖြစ်သည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အကျိုးတူ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။ ထို့ပြင် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများဖြစ်သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေးစီမံကိန်း၊ စစ်တွေဆိပ်ကမ်း လုပ်ငန်းစတင်လည်ပတ်ရေးလုပ်ငန်း၊ တမူး-ကျီကုန်း-ကလေးဝလမ်းပေါ်ရှိ တံတား ၆၉ စင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ သုံးနိုင်ငံ အဝေးပြေး လမ်းမကြီးစီမံကိန်း၊ တမူးနယ်စပ်တွင် အဆင့်မီ ဘက်ပေါင်းစုံစစ်ဆေးရေးဂိတ် တည်ဆောက်ရေး စီမံကိန်း၊ နှစ်နိုင်ငံ ပြည်သူချင်းထိတွေ့ဆက်ဆံမှု ပိုမိုခိုင်မာလာစေရေးနှင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများအတွက် အိန္ဒိယ နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေသည့် ကိစ္စရပ်များ ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး ရှရီ ဆော်ရက်(ဘ်)ကူမား၊ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန် ရှရီမတီ စမီတာ ပန့်နှင့် အိန္ဒိယနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ် များ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်