ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများထံ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံတူဆင်းတုတော်များ ဆက်ကပ်လှူဒါန်း၍ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ

 

နေပြည်တော်   ဩဂုတ်   ၁၈


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဦးအေး ထွန်း၊   ဌာနဆိုင်ရာအကြီးအကဲများ၊   တာဝန်ရှိသူ များနှင့်အတူ   ယနေ့နံနက်ပိုင်းတွင်  နေပြည်တော် တပ်ကုန်းမြို့ရှိ မဟာသီဟနာဒကျောင်းတိုက် ပဓာန နာယက၊  နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာ ရဋ္ဌဂုရု   ဘဒ္ဒန္တအာစိဏ္ဏ    မဟာထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညို၍ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး   ပုံတူဆင်းတုတော်ကို   ဆက်ကပ် လှူဒါန်းသည်။ 
ဦးစွာ   ပြည်ထောင်စုဝန်ကြီးက  သာသနာရေး ဆိုင်ရာများ   လျှောက်ထားပြီး  မဟာသီဟနာဒ ကျောင်းတိုက်        ပဓာနနာယက  ဆရာတော်က “မိတ်ကျင့်မြဲမြံ၊ ဇွဲအားသန်၊ သည်းခံရောင့်ရဲသူ” ဆိုသည့်အတိုင်း မိတ်ဆွေကျင့်ဝတ်မြဲခြင်း၊ မည်သည့် အလုပ်မဆို  ဇွဲကောင်းခြင်း၊ သည်းခံနိုင်ခြင်း  ဂုဏ် သုံးမျိုးဖြင့်  ပြည့်စုံပါက  လုပ်ငန်းများဆောင်ရွက်ရာ တွင် အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ဂုဏ် သုံးမျိုး ပြည့်စုံသည့်ပုဂ္ဂိုလ်သည် “ကောင်းဂုဏ်ရနံ့ ဘုံအနှံ့  ထွန်းပျံ့တလူလူ”   ဖြစ်မည်ဖြစ်ကြောင်း၊ “ကိုယ့်စိတ်အကြံ ကိုယ့်ဓိဋ္ဌာန် နိဗ္ဗာန်လွယ်လွယ်ကူ” ဆိုသည့်အတိုင်း ဘုရားသာသနာတော်၏ အဓိက ပန်းတိုင်မှာ နိဗ္ဗာန်ဖြစ်ကြောင်း၊ မိမိစိတ်၊ မိမိဓိဋ္ဌာန် တို့ကို ဇွဲကောင်းကောင်းဖြင့် ဂုဏ်သုံးမျိုးနှင့်အညီ ဆောင်ရွက်ပါက ဘာမဆို မဖြစ်နိုင်ဟူ၍ မရှိကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး   ပုံတူဆင်းတု တော်အား ပူဇော်ခွင့်ရရှိသဖြင့် ဝမ်းမြောက်နုမော် သာဓုခေါ်ကြောင်း ဩဝါဒမိန့်ကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တပ်ကုန်း မြို့   မဟာသီဟနာဒကျောင်းတိုက်  ပဓာနနာယက ဆရာတော်အား   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး   ပုံတူဆင်းတုတော်နှင့်   နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင်    ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဝင်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိစက္ခဏ ဆရာတော်ကြီး အား သွားရောက်ဖူးမြော်ကြည်ညို၍ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးပုံတူ ဆင်းတုတော်ကို ဆက်ကပ် လှူဒါန်းသည်။ 
အောင်စည်သာ   ပရိယတ္တိစာသင်တိုက်  ပဓာန နာယကဆရာတော်က အစွန်းနှစ်ပါးရှောင်ကြဉ်၍ မဇ္ဈိမပဋိပဒါလမ်းစဉ်၊   မဂ္ဂင်ရှစ်ပါးလမ်းစဉ်တို့နှင့် အညီ ကျင့်ကြံဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပညာ မဂ္ဂင်နှစ်ပါး၊ သီလမဂ္ဂင်သုံးပါး၊ သမာဓိမဂ္ဂင် သုံးပါး တို့ကို သတိတရားလက်ကိုင်ထား၍ ကျင့်သုံးလိုက်နာ ဆောင်ရွက်မည်ဆိုလျှင် လုပ်ငန်းကိစ္စအဝဝ အောင်မြင် နိုင်မည်ဖြစ်ကြောင်း၊    မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ပုံတူဆင်းတုတော်အား ပူဇော်ခွင့်ရရှိသဖြင့် ဝမ်းမြောက်နုမော်   သာဓုခေါ်ပါကြောင်း   ဩဝါဒ မိန့်ကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အောင်စည် သာ   ပရိယတ္တိစာသင်တိုက်  ပဓာနနာယက  ဆရာ တော်ကြီးအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပုံတူဆင်းတုတော်နှင့်     လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။   
သတင်းစဉ်