ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မန္တလေးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများသို့သွားရောက်၍ ဆရာတော်ကြီးများကို ဖူးမြော်ကြည်ညိုပြီး ဥပ္ပါတသန္တိကျမ်းစာအုပ်များ လှူဒါန်း

 

မန္တလေး    မေ   ၂
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မဟာအောင်မြေမြို့နယ် မစိုးရိမ် တိုက်သစ် မဟာနာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ မဟာ ဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ် မဟာနာယကအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသရာဘိဝံသတို့ကို သွားရောက်ဖူးမြော်ကြည်ညို ပြီး ဥပ္ပါတသန္တိကျမ်းစာအုပ်များ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေတို့ကို ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်တို့သည် မဟာအောင်မြေမြို့နယ်ရှိ အဝေရာမ ရန်ကင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဩဒါတသိရီ ဘိဝံသ၊ ချမ်းအေးသာစံမြို့နယ်ရှိ ပတ္တမြား ကျောင်းတိုက်ဆရာတော်   ဘဒ္ဒန္တပညာဇောတာဘိဝံသ နှင့် မဟာအောင်မြေမြို့နယ်ရှိ မြတောင်ကျောင်းတိုက်  နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တသာဂရာ ဘိဝံသတို့ကို        သွားရောက်ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ အဆိုပါ ကျောင်းတိုက်များရှိ သံဃာတော်၊ ရဟန်းသာမဏေများ အတွက် ဥပ္ပါတသန္တိကျမ်းစာအုပ်များ လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးနှင့် တိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့သည် ရန်ကုန်မြို့သို့ MAI  လေကြောင်းလိုင်းဖြင့်    ကြွရောက်မည့်     နိုင်ငံတာ် ဩဝါဒါစရိယ   သောဠသာမ   ရွှေကျင်သာသနာပိုင်၊ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇမဟာ  ရဋ္ဌဂုရု ဘဒ္ဒန္တဉာဏိဿရ အား မန္တလေးအပြည်ပြည် ဆိုင်ရာ လေဆိပ်ခန်းမ၌ သွားရောက် ဖူးမြော်ကြည်ညို ပြီး သြဝါဒခံယူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်တို့သည် ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို ၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချမ်းမြသာစည်မြို့နယ် ရှိ မဟာဓမ္မိကာရာမတိုက် နိုင်ငံတော်ဩဝါဒါစရိယ  အဘိဓဇမဟာ  ရဋ္ဌဂုရု  မိတ္ထီလာကျောင်းတိုက် ဆရာ တော်   ဘဒ္ဒန္တသုဇနပီယ၊    ချမ်းမြသာစည်မြို့နယ်ရှိ ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက် နိုင်ငံတော် သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဆင်မင်းကျောင်း ဆရာတော်   ဘဒ္ဒန္တဩဘာသာဘိဝံသနှင့်    ချမ်းမြ သာစည်မြို့နယ်ရှိ အသောကာရာမတိုက် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ  ဘဒ္ဒန္တပညာဝရတို့ကို သွားရောက်ဖူးမြော်ကြည်ညိုပြီး သာသနာရေး ဆိုင်ရာများ လျှောက်ထားကာ အဆိုပါ ကျောင်းတိုက်များရှိ  သံဃာတော်၊ ရဟန်းသာမဏေ များအတွက် ဥပ္ပါတသန္တိကျမ်းစာအုပ်များနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ         ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။                     
သတင်းစဉ်