ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

ရန်ကုန်    မေ    ၁၁
သာသနာရေးနှင့်          ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီ တော်အနီးရှိ     အပြည်ပြည်ဆိုင်ရာ    ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ      ထေရဝါဒဗုဒ္ဓ သာသနာပြု တက္ကသိုလ်ရှိ သင်တန်းသားသံဃာတော်များ အသုံးပြု နိုင်ရန် စားပွဲ၊ ထိုင်ခုံ၊ ခုတင်များ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး      ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒအား အမှူးထား၍ အလှူရှင် များ စုပေါင်းလှူဒါန်းသည့် သင်တန်းသား သံဃာ ၁၈၈ ပါးဆံ့ သံကူကွန်ကရစ် RCC လေးထပ်ဆောင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို    ကြည့်ရှုစစ်ဆေး သည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ခံ အင်ဂျင်နီယာမှူးက အဆောက်အဦလုပ်ငန်း တည်ဆောက်ပြီးစီးမှု အခြေ အနေ၊ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း နှစ်ထပ်ပြီးစီးအောင် ဆောင်ရွက်နေမှုနှင့် သင်တန်းသား သံဃာတော်များ ထားရှိနိုင်မည့်အခြေအနေကို   ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။                                   သတင်းစဉ်