
နေပြည်တော် ဧပြီ ၂၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံသည် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ ညနေပိုင်းတွင် ပဲခူးတိုင်း ဒေသကြီး ပဲခူးစက်မှုဇုန်ရှိ Bago Sports Gloves Co.,Ltd ၏ လက်အိတ်စက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ထုတ်လုပ်ပြီး အားကစားလက်အိတ်များ ပြည်ပ သို့တင်ပို့နိုင်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက သတ်မှတ်အရည် အသွေးပြည့်မီစေရေး ဆောင် ရွက်ရန်၊ နိုင်ငံတကာဈေးကွက် တွင် ယှဉ်ပြိုင်နိုင်ရေးနှင့် စံချိန် စံညွှန်း အရည်အသွေးမီပစ္စည်း များဖြစ်စေရေး ကြိုးပမ်းဆောင် ရွက်ကြရန်၊ ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်ရန်၊ ပြည်ပဈေးကွက်ဝေစု သစ်များနှင့် စျေးပိုမိုရရှိရေး ဆောင်ရွက်ရန်နှင့် ကုန်သွယ်မှု သတင်း အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ သိရှိအောင် ဆောင်ရွက်ရန်တို့ကို မှာကြားပြီး စက်ရုံအတွင်း အားကစား လက် အိတ်များချုပ်လုပ်နေမှုအဆင့်ဆင့် တို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် Myanmar New Hope Farms Co.,Ltd ၏ တိရစ္ဆာန်အစာထုတ်လုပ်ရေး စက်ရုံ သို့ရောက်ရှိပြီး စက်ရုံအတွင်း တိရစ္ဆာန်အစားအစာ ကြိတ်ခွဲထုတ် လုပ်နေမှုလုပ်ငန်းစဉ်နှင့် ကုန်ကြမ်း နှင့် ကုန်ချောထားသိုမှုတို့ကို ကြည့်ရှုစစ်ဆေးကာ တိရစ္ဆာန် အစားအစာများကို ပြည်တွင်းသုံးစွဲ ရန် ဖူလုံမှုရှိအောင် တိုးမြှင့်ထုတ် လုပ်ရန်၊ အရည်အသွေးပြည့်မီစေ ရေး အလေးထားဆောင်ရွက်ရန်နှင့် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချ နိုင်ရေး ဆောင်ရွက်ရန်တို့ကို မှာကြားပြီး စက်ရုံ၏ လိုအပ်ချက် များကို ပေါင်းစပ်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။ သတင်းစဉ်