
နေပြည်တော် မတ် ၂၃
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်ကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က စတင်အဆိုပြုခဲ့သည့် ကမ္ဘာလုံး ဆိုင်ရာ လူသားယဉ်ကျေးမှု အစီအစဉ် (Global Civilization Initiative) ကိစ္စ၊ တရုတ်နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်နှင့်(၁၄) ကြိမ် မြောက် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အစည်းအဝေး တို့မှ ရရှိခဲ့သည့် အောင်မြင်မှုရလဒ် များ၊ မြန်မာ - တရုတ် နယ်စပ် ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ် ရေး ပိုမိုမြှင့်တင်ရန် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း အားထုတ်မှုများနှင့် ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူ များ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ် အောင်မြင်စေရေး အတွက် တရုတ်နိုင်ငံမှ အပြု သဘော ဆက်လက်ကူညီဆောင် ရွက်ပေးသွားမည့် ကိစ္စရပ်များ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံ တကာ မျက်နှာစာတို့တွင် အကျိုးတူ ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များအပေါ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။
သတင်းစဉ်