ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော်  ဖေဖော်ဝါရီ   ၁၅


နိုင်ငံခြားရေး       ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည်        မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E Mr. Mongkol Visitstump အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရှိ      နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ်    မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား   ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့်   နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု  ကိစ္စရပ် ပိုမိုတိုးမြှင့်ခိုင်မာစေရေး   ရင်းနှီး ပွင့်လင်းစွာ      အမြင်ချင်းဖလှယ် ခဲ့ကြပြီး       ခရီးသွားလာရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရေး၊    နှစ်နိုင်ငံ အကြား      ပြည်သူအချင်းချင်း    ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးနှင့်   ဒေသတွင်းနှင့်        နိုင်ငံတကာ     မျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်း   ဆောင်ရွက်သွားရေး  စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။  

 

သတင်းစဉ်