ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ဦးအုန်းမောင် ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင် ဦးအောင်ခမ်းထီနှင့်အဖွဲ့အား တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ဦးအုန်းမောင် ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင် ဦးအောင်ခမ်းထီနှင့်အဖွဲ့အား တွေ့ဆုံ

================================================

နေပြည်တော် ဒီဇင်ဘာ ၆

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့သည် ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင် ဦးအောင်ခမ်းထီနှင့် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံသည်။ (အောက်ပုံ)

 

တွေ့ဆုံစဉ် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပတ်ဝန်းကျင်ရှိ တိုင်းရင်းသားကျေးရွာ ၁၄ ရွာတွင် ပါဝင် သော ပအိုဝ်းတိုင်းရင်းသားများနေထိုင်သည့် ကျေးရွာများ တွင် လူထုအခြေပြုခရီးသွားလုပ်ငန်း(Community Based Tourism) အပါအဝင် ကျေးရွာအလိုက် သတင့်လျော်သည့် ကျေးလက်ဒေသခရီးသွားလုပ်ငန်းများ ဖော်ဆောင်ရေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံတကာအဆင့်မီထုတ်ကုန်များ အရည်အသွေးမီ စိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်ရေး၊ ပအိုဝ်းတိုင်းရင်းသား ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းများ တိုးမြှင့်ရရှိစေရေး၊ ခရီးသွား လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် လူ့စွမ်းအားအရင်း အမြစ်များဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍ အလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းနှင့် ဦးတင်လတ်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးမင်းသူ၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်တို့ တက်ရောက် ကြသည်။

 

သတင်းစဉ်