ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း AustCham Myanmar က ကျင်းပသည့် Webinar သို့ တက်ရောက်

 

နေပြည်တော် အောက်တိုဘာ ၁၆


AustCham Myanmar က စီစဉ်ကျင်းပသည့် Election 2020: Key Issues for Business Webinar ကို ယနေ့မွန်းလွဲ ပိုင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး‌သောင်းထွန်း က မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှု တိုးတက်မှုအခြေအနေများ၊ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (CERP) နှင့် မြန်မာ့ စီးပွားရေး နာလန်ထူရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP) တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင် သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရန် အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ငွေကျပ် ဘီလီယံ ၄,၀၀၀ (ကျပ်လေးထောင်ဘီလီယံ) အသုံးပြုခဲ့ကြောင်း၊ ယင်းသည် GDP ၏ ၃ ဒသမ ၄ ရာခိုင်နှုန်းခန့်ရှိကြောင်း ပြောကြားသည်။ အဆိုပါ Webinar ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ကြီးများ၊ မြန်မာနိုင်ငံရှိ စီးပွားရေးကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးအပေါ် သက်‌ရောက်မှုများကို ကုစားခြင်းနှင့် ရေရှည်အစီအမံများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ၏ အခန်းကဏ္ဍတို့ကို အဓိကထား ဆွေးနွေး ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေကြသည့် ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ အတွေ့အကြုံ များကို ဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်အစိုးရ၏ ရှေ့ဆက်ဆောင်ရွက်သွား မည့် အစီအမံများနှင့် ဝန်ကြီးဌာနအနေဖြင့် ရင်းနှီးမြှုပ်နှံ သူများကို ဆက်လက်ပံ့ပိုးမည့် အစီအစဉ်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်