ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နေပြည်တော်ကောင်စီနယ်မြေအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇွန်    ၂၅      


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ယနေ့ မွန်းလွဲပိုင်းတွင်   နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ  ပေါင်းလောင်းတမံ၊  ရေထိန်းဆည်နှင့် လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်   ကွပ်ကဲရေးဦးစီးဌာန   ရွှေမြို့ပင်မဓာတ်အားခွဲရုံတို့ကို   သွားရောက်ကြည့်ရှု စစ်ဆေးသည်။   

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည် တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းရှိ ပေါင်းလောင်းတမံနှင့် ရေထိန်းဆည်သို့ရောက်ရှိပြီး ပေါင်းလောင်းမြစ်ကို အခြေခံ၍ ပေါင်းလောင်းမြစ် ပေါ်တွင် အထက်ပေါင်းလောင်းဓာတ်အားပေး စက်ရုံ ၁၄၀ မဂ္ဂါဝပ်၊ နန်ချိုဓာတ်အားပေးစက်ရုံ ၄၀ မဂ္ဂါဝပ် နှင့် အောက်ပေါင်းလောင်းဓာတ်အားပေး စက်ရုံ ၂၈၀ မဂ္ဂါဝပ်တို့ကို   ထုတ်လုပ်လျက်ရှိပြီး  အလယ်ပေါင်း လောင်းစက်ရုံကို ၁၆၆ မဂ္ဂါဝပ် ထပ်မံထုတ်လုပ်နိုင် ရန် ဆောင်ရွက်လျက်ရှိသည့်အပြင် စီးဆင်းလာသည့် ရေကို အကျိုးရှိစေရန် ထပ်မံ၍ Hydromatrix စနစ် ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး   စူးစမ်း လေ့လာမှုများကို အချိန်တိုအတွင်း အမြန်ရရှိအောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင်လည်း   သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင်   ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး ပေါင်းလောင်းရေထိန်း ဆည်အတွင်း ရေဝင်ရောက်မှု၊ ရေထိန်းသိမ်းထားရှိမှု ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်ရှိ    လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး  နှင့် ကွပ်ကဲရေးဦးစီးဌာန ရွှေမြို့ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက အန္တရာယ် ကင်းရှင်းစွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေး၊ ဗို့အားပြည့်ပြည့်ဝဝဖြင့် ပြည်သူ လူထုအသုံးပြုနိုင်ရေး၊     ဓာတ်အားပျောက်ဆုံးမှု လျှော့နည်းကျဆင်းရေး၊ ဓာတ်အားခွဲရုံသုံး လျှပ်စစ် ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်ရေး၊ ဓာတ်အားခွဲရုံနှင့် ရုံးအဆောက်အအုံ    သန့်ရှင်းသာယာလှပရေး၊ လုံခြုံ ရေးသတိအမြဲရှိစေရေး၊   ဝန်ထမ်းများ  သက်သာ ချောင်ချိရေးနှင့် ဓာတ်အားခွဲရုံအတွင်းရှိ မြေနေရာ လွတ်များတွင် စိုက်ပျိူးမွေးမြူရေးလုပ်ငန်းများအား ဆောင်ရွက်သွားနိုင်ရေး   စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ကာ ဝန်ထမ်းများအား ဂုဏ်ပြုထောက်ပံ့ငွေ များ ပေးအပ်ချီးမြှင့်၍ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

သတင်းစဉ်