ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ  လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

 

နေပြည်တော်   ဇူလိုင်   ၅


ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဇူလိုင် ၄ ရက် နံနက် ၇ နာရီတွင် ပုသိမ်မြို့ ဆောက်လုပ်ရေးရိပ်သာ၌ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီး  စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ  တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး      ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ  ကိစ္စများနှင့်  ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက်     ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် အဆောက် အဦ  ဦးစီးဌာန၊   အဆောက်အဦ အထူးအဖွဲ့  (၁၅)  မှ   တာဝန်ယူ တည်ဆောက်နေသော    ပုသိမ် ပြည်သူ့ဆေးရုံကြီး   (၉)  ထပ်  တိုးချဲ့ဆောင် တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း     လုပ်ငန်း များ   ဆောင်ရွက်နေမှု၊ ပုသိမ် - ကံကလေး လမ်းပိုင်း၊ ကံကလေး- ရေကြည် - ဘက်ရဲလမ်းအပိုင်း ပြုပြင်ထိန်းသိမ်းထားရှိမှု၊   ဧရာ ဝတီတိုင်းဒေသကြီး      ကြံခင်း မြို့နယ်  အလုံကျေးရွာအုပ်စုရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေး   ဦးစီး ဌာနမှ တာဝန်ယူကြီးကြပ်ဆောင် ရွက်သော   အရှည်ပေ   ၁၅၀   ရွာသစ်ကြီး - ပေါက်တူးချောင်းကူး  တံတား တည်ဆောက်ပြီးစီးမှုနှင့်  အချောသပ်လုပ်ငန်းများ ဆောင် ရွက်ထားရှိမှု၊ ပုသိမ် - မုံရွာလမ်း (ဧရာဝတီတိုင်းဒေသကြီးအပိုင်း) မိုင်တိုင်အမှတ်     (၁၀၀/၁)   ရှိ လမ်းလုပ်ငန်းခွင်တွင်     ဧရာဝတီ တိုင်းဒေသကြီး    လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး   (မြို့ပြ)     က ကွန်ကရစ်လမ်းအဆင့် မြှင့်တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ထား ရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ 
လိုအပ်ချက်များ မှာကြား
ညနေပိုင်းတွင်            ပြည် ထောင်စုဝန်ကြီးနှင့်   အဖွဲ့သည် သရက် - နတ်မီးတောက် - ကံမ လမ်းပေါ်၌    တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့   (၃)   မှ တာဝန်ယူ   ဆောင်ရွက်လျက်ရှိ သော အရှည်ပေ ၁၃၀၀ မင်းတုန်း ချောင်းတံတား  (ရေနံ့သာ)  တည် ဆောက်ရေး      လုပ်ငန်းခွင်တွင်  ကွန်ကရစ်တံတားသစ်     တည် ဆောက်နေမှုနှင့် လုပ်ငန်းပြီးစီးမှု၊ တံတားဦးစီးဌာန၊  တံတားအထူး အဖွဲ့ (၃)မှ တာဝန်ယူတည်ဆောက် နေသော သရက်-မင်းလှ လမ်းပေါ် ရှိ   အရှည်ပေ   ၂၇၀    ဂွေးချို တံတား   တည်ဆောက်နေမှု၊ အရှည်ပေ  ၁၈၀     ထန်းကိုင်း တံတား တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး      လုပ်ငန်း လိုအပ်ချက်များမှာကြားသည်။
ဦးစားပေးအလိုက် ဆောင်ရွက်
ပြည်ထောင်စု   ဝန်ကြီးသည် ယနေ့နံနက်    ၈   နာရီခွဲတွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်၊ တိုင်းဒေသကြီး  စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မကွေးတိုင်း ဒေသကြီး        စီမံအုပ်ချုပ်ရေး ကောင်စီရုံး၌ ကိုဗစ်-၁၉ ညွှန်ကြား ချက်များနှင့်အညီ       တွေ့ဆုံပြီး မကွေးတိုင်းဒေသကြီး  အတွင်းရှိ ကွန်ရက်သဖွယ်      ဖောက်လုပ် ထားသော   လမ်း၊    တံတားများ ဖွံ့ဖြိုးတိုးတက်ရေး၊  ကျေးလက် လမ်းများအား အမျိုးအစားခွဲခြား ၍ ဦးစားပေးအလိုက် ဆောင်ရွက် ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်   စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ပြုပြင်ထိန်းသိမ်း 
ထို့နောက်      ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်   ဧရာဝတီ တံတား (မကွေး) ကြံ့ခိုင်မှု အခြေ အနေ၊ နေပြည်တော် - တောင်ညို- မြို့သစ်-ကန်ပြား-မကွေးလမ်း တစ်လျှောက်     လမ်း၊    တံတား ပြုပြင်ထိန်းသိမ်း  ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များကို     လုပ်ငန်းလိုအပ်ချက်  များ      မှာကြားကြောင်း    သိရ သည်။      သတင်းစဉ်