ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ဒုတိယအကြိမ် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ပုံမှန်အစည်းအဝေး(၁/၂၀၂၁)သို့ တက်ရောက်

နေပြည်တော်   ဇူလိုင်   ၄ 


ဒုတိယအကြိမ် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ပုံမှန်အစည်းအဝေး(၁/၂၀၂၁)ကို   ယမန်နေ့နံနက်ပိုင်း က လမ်းမတော်မြို့နယ် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီရုံး    အစည်းအဝေးခန်းမ၌   ကိုဗစ်-၁၉  ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။


ကူညီဆောင်ရွက်ပေးသွားမည်


ရှေးဦးစွာ     ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့်  မြန်မာနိုင်ငံ  အင်ဂျင်နီယာ ကောင်စီ၏ တာဝန်ခံဝန်ကြီးဌာနဖြစ်သည်နှင့်အညီ အင်ဂျင်နီယာကောင်စီ၏         လုပ်ငန်းများကို ရှေ့ဆက်လက်ပြီး    ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊   မြန်မာနိုင်ငံ   အင်ဂျင်နီယာကောင်စီ အနေဖြင့် ရှေ့ဆက်လက်ပြီး နိုင်ငံတကာစံနှုန်းများနှင့် အညီ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များ ပြင်ဆင်သည့်လုပ်ငန်းများ၊     အင်ဂျင်နီယာပညာ မြှင့်တင်သည့်လုပ်ငန်းများ၊   အင်ဂျင်နီယာများ စဉ်ဆက်မပြတ်       လေ့လာသင်ကြားရေးနှင့် အင်ဂျင်နီယာကျင့်ဝတ်၊ စည်းမျဉ်း စည်းကမ်းများနှင့် အညီ    လုပ်ကိုင်နိုင်ရေး၊     အင်ဂျင်နီယာနှင့် အင်ဂျင်နီယာပညာရေး     ဒေသတွင်း  နိုင်ငံတကာ အသိအမှတ်ပြုရရှိရေးလုပ်ငန်းများ အောင်မြင်အောင် ဆက်လက်ဆောင်ရွက်ရန်        လိုအပ်ကြောင်း၊ အင်ဂျင်နီယာအရည်အသွေး  စနစ်ကျစေရန်အတွက် နာယကကြီးများ၊ ကောင်စီဝင်များနှင့် ပြင်ပပညာရှင် များအားလုံး ပူးပေါင်းဆောင်ရွက် ကြိုးပမ်းကြစေလို ကြောင်း ပြောကြားသည်။ 


ထို့နောက်   စက်မှုဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး    ဒေါက်တာချာလီသန်းက   အမှာစကား ပြောကြားသည်။


ဆက်လက်ကျင်းပ


ယင်းနောက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ယနေ့ကျင်းပသည့် ပထမ ခြောက်လပတ် ပုံမှန်အစည်း အဝေးတွင် လစ်လပ်သွားသော ကောင်စီဝင်တစ်ဦး၏ နေရာ၌  နာယကကြီးများရှေ့မှောက်တွင် ကတိသစ္စာပြု ခန့်ထားခြင်းနှင့်  တွဲဖက်အတွင်းရေးမှူး(၁)အဖြစ် အတည်ပြုခန့်ထားခြင်းများ ဆောင်ရွက်ပြီး အစည်း အဝေး(ပထမပိုင်း)အစီအစဉ်ကို အောင်မြင်စွာကျင်းပ ပြီးစီးကာ      အစည်းအဝေး(ဒုတိယပိုင်း)နှင့် (တတိယပိုင်း) တို့ကို အစီအစဉ်အတိုင်း    ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။ 


မွန်းလွဲပိုင်းတွင်         ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် အဖွဲ့သည်     ရန်ကုန်-ပုသိမ်လမ်း (ရန်ကုန်တိုင်းဒေသကြီးအပိုင်း)အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်   (ဧရာဝတီတိုင်း ဒေသကြီးအပိုင်း)   အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုတို့ကိုလည်းကောင်း၊    မိုင်တိုင် အမှတ် (၃၂/၄ နှင့် ၃၂/၅)ကြားရှိ   ကဇန်းတံတား ချဉ်းကပ်လမ်း ကွန်ကရစ်လမ်းတိုးချဲ့ခြင်းလုပ်ငန်း များ    ဆောင်ရွက်ထားရှိမှုကို    လည်းကောင်း၊ လင်းလွန်းပင်တံတား     တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဗိုလ်မြတ်ထွန်းတံတားနှင့် ဧရာဝတီ တံတား(ညောင်တုန်း)တို့ကိုလည်းကောင်း  ကြည့်ရှု စစ်ဆေးသည်။ 


ကြည့်ရှုစစ်ဆေး


ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ကျုံကနောင်(ပန်းတနော်)-ရွှေလောင်း- ဝါးခယ်မလမ်း မိုင်တိုင်(၃/၇ မှ ၁၃/၄)အတွင်း(၉ မိုင် ၄ ဖာလုံ)ကို   ၁၈  ပေအကျယ် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် တံတားဦးစီး ဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)က တာဝန်ယူတည် ဆောက်နေသော ကျွန်းကုန်းတံတား တည်ဆောက်ရေး လုပ်ငန်းခွင်တို့ကိုလည်းကောင်း၊     ကျွန်းကုန်း-မြောင်းမြလမ်းနှင့် မြောင်းမြ- မြင်းကဆိပ်- ကံကုန်း- ပုသိမ်လမ်း ပြုပြင်ထိန်းသိမ်းထားရှိမှုနှင့် ပမ္မဝတီ တံတား(မြင်းကဆိပ်) တည်ဆောက်ရေးလုပ်ငန်းခွင် တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။


ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ပုသိမ်မြို့ပြဖွံ့ဖြိုးရေးနှင့် မြို့တွင်းလမ်းများ အခြေအနေကိုလည်းကောင်း၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၆)က တာဝန်ယူတည်ဆောက် ပြီးစီးခဲ့သည့် ပုသိမ်တံတားအမှတ်(၂)သို့လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 သတင်းစဉ်