ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သောအဖွဲ့ “အာဆီယံ - တရုတ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ဆောင်မှုဆိုင်ရာဖိုရမ် ၂၀၂၃” သို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ထွက်ခွာ

 

နေပြည်တော်  နိုဝင်ဘာ ၁


တရုတ်ပြည်သူ့      သမ္မတနိုင်ငံ နန်နင်းမြို့၌        ကျင်းပမည့် အာဆီယံ-တရုတ်    လူ့စွမ်းအား အရင်းအမြစ်      ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့်   လူ့ စွမ်းအားအရင်းအမြစ် ဝန်ဆောင်မှု ဆိုင်ရာ  ဖိုရမ်(၂၀၂၃)သို့   တက် ရောက်ရန်  အလုပ်သမားဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သောအဖွဲ့ သည်   ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ    တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့       လေကြောင်း ခရီးဖြင့် ထွက်ခွာသွားသည်။


ပြည်ထောင်စု    ဝန်ကြီးနှင့် အဖွဲ့အား   အလုပ်သမားဝန်ကြီး ဌာနမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ      လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။ 


အဆိုပါဖိုရမ်ကို    တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ      ဒေသ နန်နင်းမြို့၌ နိုဝင်ဘာ ၃ ရက်မှ ၄ ရက်အထိ   ကျင်းပသွားမည်ဖြစ် သည်။  ယင်းဖိုရမ်သည်  တရုတ် နိုင်ငံနှင့်          အာဆီယံနိုင်ငံများ အကြား      စီးပွားရေးပြန်လည် ထူထောင်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ   ပူးပေါင်းဆောင်ရွက်နိုင် ရန်နှင့်  အတွေ့အကြုံများ  မျှဝေ ဖလှယ်နိုင်ရန် ရည်ရွယ်၍ တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO) နှင့်  ဆက်စပ်သည့်  အဆင့်မြင့် ဖိုရမ်တစ်ခုဖြစ်ပြီး       တရုတ်လူ့ စွမ်းအားအရင်းအမြစ်နှင့်    လူမှု ဖူလုံရေးဝန်ကြီးဌာနနှင့်   ကွမ်ရှီး ဒေသအစိုးရတို့က       ကြီးမှူး၍ တရုတ်နိုင်ငံ       ကွမ်ရှီးဒေသရှိ နန်နင်းမြို့  အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့်  ပြပွဲစင်တာတွင် ကျင်းပမည်ဖြစ်ကြောင်း        သိရ သည်။


ဖိုရမ်ကို Gathering Wisdom, Sharing Opportunities and Building  a  Bright  Future Together  ခေါင်းစဉ်ဖြင့်  ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး   ဖွင့်ပွဲအခမ်း အနားကျင်းပခြင်း၊  ဖိုရမ်အခမ်း အနားနှင့်      ဆက်စပ်ပြပွဲများ၊ အလုပ်အကိုင်ပြပွဲများ  ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကာ   နိုင်ငံ တကာမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်တက်ရောက် ဆွေးနွေးမည် ဖြစ်သည်။
ပြည်ထောင်စု        ဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သောအဖွဲ့ သည် တရုတ်နိုင်ငံသို့ သွားရောက် စဉ်အတွင်း ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ  လေဆိပ်သို့ ရောက်ရှိစဉ်  ထိုင်းနိုင်ငံ၊  အလုပ် သမားဝန်ကြီးဌာန  ဝန်ကြီး  Mr. Phiphat Ratchakitprakarn ဦးဆောင်သည့်  ထိုင်းနိုင်ငံဘက်မှ အလုပ်သမားရေးရာ တာဝန်ရှိသူ များနှင့်     အထူးဧည့်သည်တော် ခန်းမ၌ တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာ  ကိစ္စရပ်များ ဆွေးနွေးသည်။


တွေ့ဆုံဆွေးနွေးစဉ်  နှစ်နိုင်ငံ အလုပ်သမားရေးရာ      ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ နားလည် မှု စာချွန်လွှာ(MoU) သက်တမ်း တိုး လက်မှတ်ရေးထိုးရေးကိစ္စရပ် များ၊ MoU လူသစ်စေလွှတ်ခြင်းနှင့် MoU U-turn စနစ်ဖြင့် လူဟောင်း ပြန်လည်   စေလွှတ်ခြင်းများ အတွက်   နှစ်နိုင်ငံ   ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးလုပ်ငန်းစဉ်များ၊ ထိုင်းနိုင်ငံ တွင် ယာယီနေထိုင်  အလုပ်လုပ် ကိုင်ခွင့်အတွက်    အမည်စာရင်း တင်သွင်းထားသည့်  အလုပ်သမား များကို       (ပန်းရောင်ကတ်) ထုတ်ပေးနိုင်ရေး     ကိစ္စရပ်များ၊ အထောက်အထားမဲ့ မြန်မာအလုပ် သမားများအား  Certificate  of Identity - CI  ဖြင့်   တရားဝင် နေထိုင်လုပ်ကိုင်ခွင့်  ရရှိစေရေး အတွက်    ရှေ့ဆက်ဆောင်ရွက်ရ မည့်   ကိစ္စရပ်များတွင်  နှစ်နိုင်ငံ အကျိုးရလဒ်       ကောင်းများ ပေါ်ထွက်စေရေး  ဆွေးနွေးညှိနှိုင်း ကြသည်။


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် လေကြောင်း ခရီးဖြင့်   တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့   ဆက်လက်ထွက်ခွာ သွားခဲ့ကြောင်း            သတင်းရရှိ သည်။


သတင်းစဉ်