ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အာဆီယံ-တရုတ် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု စိုက်ပျိုးရေးဆိုင်ရာဖိုရမ်နှင့် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု စိုက်ပျိုးရေးဆိုင်ရာ ကုန်စည်ပြပွဲသို့ တက်ရောက်

 

နေပြည်တော်  ဧပြီ  ၂၈


စိုက်ပျိုးရေး၊      မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး    ဦးမင်းနောင် ဦးဆောင်သော  မြန်မာကိုယ်စား လှယ်အဖွဲ့နှင့်     တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ     မြန်မာ သံအမတ်ကြီး  ဦးတင်မောင်ဆွေ တို့သည်      ဧပြီ      ၂၆     ရက် တွင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်တုန်းပြည်နယ်   ဝေ့ဖန်မြို့ရှိ Fuwah International Exhibi-tion Center  ၌   ကျင်းပသည့် အာဆီယံ-တရုတ်   ဒစ်ဂျစ်တယ် နည်းပညာအသုံးပြု စိုက်ပျိုးရေး ဆိုင်ရာဖိုရမ်သို့ တက်ရောက်ခဲ့ကြ သည်။
ဖိုရမ်    မကျင်းပမီ   မြန်မာ ကိုယ်စားလှယ်အဖွဲ့သည်   ကမ္ဘာ လုံးဆိုင်ရာ ဒစ်ဂျစ်တယ် နည်းပညာ အသုံးပြု    စိုက်ပျိုးရေးဆိုင်ရာ ကုန်စည်ပြပွဲသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ    ကိုယ်စားလှယ်များ နှင့်အတူ လေ့လာကြသည်။

 


အာဆီယံ-တရုတ် ဒစ်ဂျစ်တယ် နည်းပညာအသုံးပြု  စိုက်ပျိုးရေး ဆိုင်ရာဖိုရမ်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များက နိုင်ငံအလိုက်  စိုက်ပျိုးရေးကဏ္ဍ တွင်       ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုဆောင်ရွက်နေမှုကိုတင်ပြ ဆွေးနွေးကြရာ    မြန်မာနိုင်ငံ ကိုယ်စားလှယ်     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်      ဆည်မြောင်း ဝန်ကြီးဌာန    စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေ လင်းက  မြန်မာနိုင်ငံတွင်  ဒစ်ဂျစ် တယ်နည်းပညာအသုံးပြု စိုက်ပျိုး ရေးဆိုင်ရာ   မူဝါဒများ၊   အတွေ့ အကြုံများ၊   နည်းလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

 


မြန်မာကိုယ်စားလှယ်   အဖွဲ့ သည်    ညပိုင်းတွင်   အာဆီယံ-တရုတ်     ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြု စိုက်ပျိုးရေးဆိုင်ရာဖိုရမ် ဂုဏ်ပြုညစာစားပွဲသို့  အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် များနှင့်အတူ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ် ကျေးမှုအဖွဲ့များ၏ ဧည့်ခံဖျော်ဖြေ မှုကို အားပေးခဲ့ကြသည်။

 


မြန်မာကိုယ်စားလှယ်  အဖွဲ့ သည် ယမန်နေ့တွင် ရှန်တုန်းပြည် နယ်  ရှောက်ဝန် (Shouguang)မြို့တွင် ပြုလုပ်သည့်  (၂၄)  ကြိမ် မြောက်    ခေတ်မီဒစ်ဂျစ်တယ် နည်းပညာဖြင့်  စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်ပြပွဲတွင် ဟင်း သီးဟင်းရွက်အမျိုးပေါင်း  ၇၀၀၀ ကျော်   စိုက်ပျိုးပြသထားမှုနှင့် အရည်အသွေးကောင်း  ဟင်းသီး ဟင်းရွက်များကို     အွန်လိုင်းမှ တိုက်ရိုက်   ရောင်းချပေးနေမှုကို လည်းကောင်း၊ ရှန်တုန်းပြည်နယ် ဝေ့ဖန်မြို့ရှိ      Yanjiabu Folk Cultural Village ကိုလည်းကောင်း ကြည့်ရှု        လေ့လာခဲ့ကြရာ   သက်ဆိုင်ရာ  ပြည်နယ်အုပ်ချုပ် ရေးအဖွဲ့     တာဝန်ရှိသူများက      လိုက်ပါရှင်းလင်းပြသခဲ့ကြသည်။

 


စိုက်ပျိုးရေး၊      မွေးမြူရေး နှင့်    ဆည်မြောင်းဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော   မြန်မာကိုယ်စား လှယ်အဖွဲ့သည် ယနေ့ ညနေပိုင်း တွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြ ရာ  မြန်မာနိုင်ငံဆိုင်ရာ  တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံး သံမှူး ကြီး  ဒေါက်တာဂျန်ဂျီ​ဟောင်နှင့် သံရုံးတာဝန်ရှိသူများ၊ ဌာနတာဝန် ရှိသူများက   ကြိုဆိုခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်