ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပြည်ထောင်စုနယ်မြေအတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုနှင့် Biometric ကောက်ယူနေမှု ကြည့်ရှုအားပေး

 

နေပြည်တော်   မတ်  ၇

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး  ဦးဌေးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည် တော်ဘူတာကြီး အပေါ်ထပ်ခန်းမ၌ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများ ကို ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေး နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

 


အချက်အလက်များမှန်ကန်ရေး


ဦးစွာ  ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည်       ပြည်ထောင်စု နယ်မြေအတွင်းရှိ ယာယီရွှေ့ပြောင်း နေထိုင်သူများကို    သက်ဆိုင်ရာ မြို့နယ် (၅) ဦး ကော်မတီအဖွဲ့ဝင် များက စိစစ်မေးမြန်း အတည်ပြု ဆောင်ရွက်နေမှု၊ (၅) ဦး ကော်မတီ ၏   ထောက်ခံချက်အရ   မြို့နယ် ရုံးဝန်ထမ်းများက လူတစ်ဦးချင်းစီ ၏     ကိုယ်ရေးအချက်အလက် များကို    သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းဆောင်ရွက်၍ လုပ်ထုံး လုပ်နည်းနှင့်အညီ   အိမ်ထောင်စု လူဦးရေစာရင်းနှင့်     နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနေမှု လုပ်ငန်းစဉ်          အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု   အားပေးပြီး အချက်အလက်များ   မှန်ကန်စေ ရေးအတွက် ကာယကံရှင်ပြည်သူ များကို     သေချာစွာ    မေးမြန်း ဖြည့်သွင်းရေး၊     နိုင်ငံသားကတ် ထုတ်ပေးနိုင်ရေးအတွက် ၎င်းတို့ ၏ အချက်အလက်များကို e-ID Server ရှိ အချက်အလက်များနှင့်  စနစ်တကျ တိုက်ဆိုင်စိစစ်ဆောင် ရွက်ရေး မှာကြားသည်။


ထို့နောက်      ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် အိမ်ထောင်စု လူဦးရေစာရင်းနှင့်     နိုင်ငံသား  ကတ်ပြား ထုတ်ပေးပြီးသူများကို e-ID စနစ်ဖြင့် ကိုယ်ရေးအချက် အလက် (Biographic) နှင့် ဇီဝ ဆိုင်ရာ အချက်အလက် (Biome-tric) တစ်ပါတည်းကောက်ယူ၍  ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးနေမှုကို ကြည့်ရှု အားပေးပြီး    လာရောက်ဆောင် ရွက်ကြသည့်        ပြည်သူများကို e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ပတ်သက်သည့် သိကောင်းစရာများကို ရှင်းလင်း ပြောကြားသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင်  ပြည်ထောင်စုနယ်မြေအတွင်းသို့ ယာယီရွှေ့ပြောင်း       နေထိုင်သူ ပြည်သူများကို ပန်းခင်းစီမံချက် အဆင့်   (၃)  ဖြင့်   အိမ်ထောင်စု လူဦးရေစာရင်း   ၈၁   စောင်နှင့် နိုင်ငံသားကတ်ပြား    မရှိသေးသူ ၁၃၀     ကို    နိုင်ငံသားစိစစ်ရေး ကတ်ပြား         ထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံသားကတ်ပြား ရရှိပြီးသူများ ကို     တစ်ပါတည်း    တစ်နေရာ တည်းတွင်   e-ID  စနစ်အတွက် Biometric ကောက်ယူခဲ့ကြောင်း သိရသည်။ 


ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်


ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည်    ပျဉ်းမနားမြို့နယ်  ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး နိုင်ငံ သားစိစစ်ရေးကတ်ပြား မရှိသေး သူ၊     လဲလှယ်လျှောက်ထားသူ ဒေသခံပြည်သူများကို   ပန်းခင်း စီမံချက်ဖြင့် စိစစ်ဆောင်ရွက်ပေး နေမှု၊ ယင်းသို့ဆောင်ရွက်ပြီးပါက e-ID စနစ်အတွက် Biographic/Biometric     ကောက်ယူခြင်း လုပ်ငန်းကို တစ်ပါတည်းဆောင် ရွက်ပေးနေမှုနှင့်         နိုင်ငံသား ကတ်ပြား     ရှိပြီးသူများကိုလည်း Biometric ကောက်ယူ၍ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ် ထုတ်ပေးနေမှုကို   လှည့်လည် ကြည့်ရှုကာ လာရောက်ဆောင် ရွက်ကြသည့် ဒေသခံပြည်သူများ ကို    ရင်းရင်းနှီးနှီး    နှုတ်ဆက် အားပေးသည်။ 


ယင်းနောက်   ပြည်ထောင်စု နယ်မြေဦးစီးမှူး ဦးအောင်ခိုင်ဆွေ က    ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများ၌   e-ID စနစ်အတွက်              Biometric ကောက်ယူမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက  လျှပ်စစ်မီး၊  အင်တာ နက်ရရှိမှုနှင့်   လုံခြုံရေး   အခြေ အနေအရ ဆောင်ရွက်မည့်နေရာ ကို သတ်မှတ်စုစည်း၍ တာဝန် ရှိသူအဆင့်ဆင့်သို့ တင်ပြဆောင် ရွက်နိုင်ရေး မှာကြားကာ လိုအပ် သည်များ    ညှိနှိုင်းဆောင်ရွက် ပေးသည်။ 


စာရွက်စာတမ်းများလုံခြုံရေး


ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးသည် မြို့နယ်ဦးစီးမှူးရုံး၏  ရုံးအဆောက်အဦနှင့်    ရုံးတွင်း/ရုံးပြင် သန့်ရှင်းသပ်ရပ်ရေးဆောင် ရွက်ထားရှိမှု၊ ရုံးစာရွက်စာတမ်း များနှင့်     မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ     စနစ်တကျ ထိန်းသိမ်းထားရှိမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူ များအား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် စာရွက်စာတမ်း  များလုံခြုံမှုရှိစေရေး အလေးထား ဆောင်ရွက်ရန်          မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များ   ဖြည့် ဆည်း  ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။       


သတင်းစဉ်