ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်    ဩဂုတ်   ၆  


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးမြင့်ကြိုင်သည်    မြန်မာ နိုင်ငံဆိုင်ရာ    ထိုင်းနိုင်ငံသံအမတ်ကြီး    H.E.  Mr. Mongkol Visitstump   နှင့်အဖွဲ့ကို   ယနေ့မွန်းလွဲ ၂  နာရီတွင်   နေပြည်တော်ရှိ   အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။


အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် လာမည့်အောက်တို ဘာလအတွင်း    ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက်     ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ    ဆောင်ရွက်နေမှုနှင့်     လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ ဒေသအချို့ တွင် ရက်တိုးမြှင့်ကောက်ယူနိုင်ရေးအတွက် ဆောင် ရွက်မည့်အစီအစဉ်၊ သန်းခေါင်စာရင်း ကောက်ယူ ခြင်းလုပ်ငန်း၏    အရေးကြီးမှုနှင့်     မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်း     ကောက်ယူခြင်းလုပ်ငန်းအပေါ် လိုအပ်သည်များရှိပါက    ထိုင်းနိုင်ငံမှ      ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည့်အခြေအနေ၊ ထိုင်းနိုင်ငံအတွင်းရှိ  မြန်မာအလုပ်သမားများ တရားဝင်အလုပ်လုပ်ကိုင် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေမှုနှင့် မြန်မာ နိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသည့် ထိုင်းနိုင်ငံ သားများအား ရှာဖွေကူညီ  ဆောင်ရွက်ပေးနိုင်ရေး အခြေအနေ၊    နှစ်နိုင်ငံ      နယ်စပ်ဒေသအပါအဝင် နှစ်နိုင်ငံပြည်သူများ တရားဝင် ဝင်/ထွက်သွားလာ နိုင်ရေးနှင့် တရားမဝင် ဝင်/ထွက်မှုမရှိစေရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူအချင်းချင်း ပူးပေါင်းဆောင်ရွက် နိုင်ရေးအခြေအနေ၊ နှစ်နိုင်ငံ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့် Online ဂိမ်းများဖြင့် လိမ်လည်မှုများဆောင်ရွက်နေသူများကို ထိရောက်စွာတားဆီး ကာကွယ်နိုင်ရေးအတွက် နှစ်နိုင်ငံလူဝင်မှုကြီးကြပ် ရေးဆိုင်ရာလုပ်ငန်းများ    ပူးပေါင်းဆောင်ရွက်နိုင် ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသည်။     


တွေ့ဆုံပွဲသို့     ဒုတိယဝန်ကြီး    ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊  လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။      


 သတင်းစဉ်