
နေပြည်တော် ဩဂုတ် ၃၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလ သမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Rama-nathan Balakrishnan နှင့်အဖွဲ့ အား ယနေ့နံနက်ပိုင်းက နေပြည် တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြီးခဲ့ သည့်ဇူလိုင်လက ဝန်ကြီးဌာနနှင့် UNFPA ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးမှုအပေါ် ညှိနှိုင်း ခဲ့သည့် လူဦးရေနှင့်ဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ ကိစ္စရပ်များ၊ လူဦးရေ နေအိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရေး ကိစ္စရပ်များ နှင့်ပတ်သက်၍ UNFPA ရုံးချုပ်၏ သဘောထားပြန်ကြားချက်အပေါ် ဝန်ကြီးဌာနအနေဖြင့် သုံးသပ် ဆောင်ရွက်မှု၊ UNFPA ၏ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အသစ် ခန့်အပ်နိုင်ရေးအတွက် အမည်စာရင်း ပေးပို့ထားမှုအပေါ် ဝန်ကြီးဌာန၏ သဘောထား ပြန်ကြားထားမှု၊ ဝန်ကြီးဌာနနှင့် UNFPA တို့အကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာကိစ္စရပ်များတွင် နှစ်ကာလ ရှည်ကြာစွာ ပူးပေါင်းဆောင်ရွက် ခဲ့သည့် အစဉ်အလာကောင်းများ ရှိခဲ့မှုနှင့် လက်ရှိအခြေအနေတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင် ရေးအတွက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်း အတွင်းဝန် ဦးဝင်းဇော်အောင်၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦး နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
သတင်းစဉ်