ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကျောက်တံတားမြို့နယ် ကျန်းမာရေးဆိပ်ခံတံတား၌ ဆိုက်ကပ်ထားသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများတွင် အသုံးပြုမည့် ဌာနပိုင်ဇင်ယော်ရေယာဉ်များ ကြံ့ခိုင်မှုကြည့်ရှုစစ်ဆေး

 

နေပြည်တော်    မေ     ၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူ များနှင့်အတူ  ယနေ့နံနက်ပိုင်းက  ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်  ပန်းဆိုးတန်းလမ်းရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ပြည်ဝင်/ပြည်ပြန်ဝင်နှင့်  နေခွင့်ပြုခြင်းဆိုင်ရာဌာနခွဲရုံးခန်းသို့ ရောက်ရှိ စစ်ဆေးသည်။
ထိုသို့ စစ်ဆေးစဉ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မော်တော်ယာဉ်၊    ရေယာဉ်ဌာနစိတ်     (ရန်ကုန်) တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး  ဦးတင်ထွန်း အောင်က  ဇင်ယော် (၁)၊ (၂)၊ (၃) ရေယာဉ်များ၏ သမိုင်းကြောင်း၊ ရေယာဉ်တစ်စီးချင်းအလိုက် ဝန်ထမ်း များ တာဝန်ချထားမှု၊ ရေယာဉ်များ ကြံ့ခိုင်ကောင်းမွန် ရေးအတွက်  နှစ်စဉ်ပြုပြင်  ပြင်ဆင်မှုနှင့်   လက်ရှိ ရေယာဉ်သုံးစင်းအား   ဒေါက်တင်ပြင်ဆင်ဆောင်ရွက် ပြီးစီးမှု၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ နေ့စဉ်ပေးပို့ လာသည့် နိုင်ငံတကာပင်လယ်ကူးသင်္ဘောကြီးများ ဝင်/ထွက်မှု စာရင်းအရ  ဇင်ယော်ရေယာဉ်များဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ သွားရောက် စစ်ဆေးဆောင်ရွက်မှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး  လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက  လုပ်ငန်းဆိုင်ရာ များနှင့်ပတ်သက်၍   ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက  လုပ်ငန်းလိုအပ်ချက်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့်      ပြည်ထောင်စုဝန်ကြီးသည် ကျောက်တံတားမြို့နယ်      Yangon   Innovation Centre (YIC)  ရှေ့ရှိ  ကျန်းမာရေးဆိပ်ခံတံတား၌ ဆိုက်ကပ်ထားသည့်  ဌာနပိုင် ဇင်ယော် (၁)၊ (၂)၊ (၃) ရေယာဉ်သုံးစင်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှေးဦးစွာ ရေယာဉ်ဝန်ထမ်းများက  ရေယာဉ်အလိုက် တာဝန်ထမ်းဆောင်မှုကို မိတ်ဆက်ကြပြီး ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဌာနအနေဖြင့် ပြည်သူကို ထိရောက် သောဝန်ဆောင်မှုများ  ပေးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ  လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်ရသည့် ရေယာဉ်များတွင် တာဝန် ထမ်းဆောင်သည့်    ဝန်ထမ်းများအနေဖြင့်လည်း စစ်ဆေးရေးလုပ်ငန်းများကို ဥပဒေ၊ လုပ်ထုံး လုပ်နည်း များနှင့်အညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ ရေယာဉ် ဝန်ထမ်းများနှင့်      စစ်ဆေးရေးဝန်ထမ်းများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်    စနစ်တကျ ဆောင်ရွက်ကြရန်နှင့် ရေယာဉ်များ ကြံ့ခိုင်ကောင်းမွန် စေရေး၊     ဇင်ယော်ရေယာဉ်များတွင်     တာဝန် ထမ်းဆောင်ကြသည့် ဝန်ထမ်းများအနေဖြင့် သင်္ဘော သားဆိုင်ရာ   အဆင့်မြင့်သင်တန်းများကို    ထပ်မံ တက်ရောက်ကြရန်  လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့်  ပေးအပ်သည့်တာဝန်များကို  ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့်      စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြားသော ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်း ရှင်းလင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဇင်ယော် ရေယာဉ်သုံးစင်းအား    ရေယာဉ်တစ်စီးချင်းအလိုက် ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှု၊  စက်ခန်းများနှင့် ရေယာဉ်တက်မခန်းများ  အခြေအနေ၊    ရေယာဉ် တစ်စီးချင်းအလိုက်  ဒေါက်တင်ပြင်ဆင်ဆောင်ရွက် ပြီးစီးမှုနှင့် စစ်ဆေးရေးလုပ်ငန်းများ ထမ်းဆောင်ရန် အသင့်ဖြစ်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူများက  လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို   လိုက်လံရှင်းလင်းတင်ပြကြပြီး   ပြည်ထောင်စု ဝန်ကြီးက  လိုအပ်သည်များ   မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်