ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် e-ID စနစ်အတွက် နည်းပညာဆိုင်ရာ ဆောင်ရွက်ချက်များကို အိန္ဒိယနိုင်ငံမှ နည်းပညာရှင်များက လေ့လာသုံးသပ်အကြံပြုဆွေးနွေးပွဲသို့တက်ရောက်

နေပြည်တော်   ဇူလိုင်   ၁၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ အကောင် အထည်ဖော်  ဆောင်ရွက်လျက်ရှိ သည့်       e - ID       စနစ်အတွက် နည်းပညာဆိုင်ရာ    ဆောင်ရွက် ချက်များကို  အိန္ဒိယနိုင်ငံမှ  နည်း ပညာရှင်များက လေ့လာသုံးသပ် အကြံပြုဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ    ၃   နာရီက     အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။  
ဆွေးနွေးပွဲတွင်       လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က     အိန္ဒိယနိုင်ငံ Aadhaar စနစ်သည် အောင်မြင်  သည့်       နည်းပညာတစ်ခုဖြစ်ပြီး  ယင်း Aadhaar စနစ်ကိုလေ့လာ၍  ယခု   e - ID   စနစ်ကို   အကောင် အထည်ဖော်  ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ e - ID စနစ်သည် မြန်မာနိုင်ငံ၏ e - Government စနစ်အတွက်      အခြေခံအကျဆုံး လုပ်ငန်းတစ်ခု      ဖြစ်ပါကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ e - ID စနစ် အတွက် လူတစ်ဦးချင်းစီ၏ Bio-graphic/Biometric ကောက်ယူ၍ ဂဏန်း (၁၀) လုံးပါ  Unique ID နံပါတ်ထုတ်ပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်နှင့် ဆက်စပ်၍      ဝန်ကြီးဌာနများ၊ အခြားသောအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ပြည်သူ့ဝန်ဆောင် မှုလုပ်ငန်းများအား     ဆက်လက် ဆောင်ရွက်သွားမည်       ဖြစ်ပါ ကြောင်း၊   အိန္ဒိယနိုင်ငံမှ     နည်း ပညာဆိုင်ရာ  ပညာရှင်များအနေ ဖြင့် မိမိတို့၏ e - ID စနစ် လုပ်ငန်း စဉ်   ဆောင်ရွက်ချက်များအပေါ်  လေ့လာသုံးသပ်၍        လုပ်ငန်း ဆိုင်ရာ အကြံပြုချက်များ၊ တွေ့ကြုံ ရသည့်      အခက်အခဲများအပေါ် ဖြေရှင်း     ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး       အကြံပြုပေးကြစေ လိုပါကြောင်း      ရှင်းလင်းပြော ကြားသည်။
ထို့နောက်    ပြည်ထောင်စု ဝန်ကြီးက    အိန္ဒိယနိုင်ငံ    ပြည်ပ ရေးရာဝန်ကြီးဌာနမှ Develop- ment   Partnership   Admini-stration    Mr.   Anish     Kumar ဦးဆောင်သော   National  Insti-tute   of   Smart   Government (NISC)   နှင့်   Modular    Open-Source    Identity    Platform- (MOSIP)  တို့မှ  နည်းပညာရှင် ကိုယ်စားလှယ်များကို    အမှတ် တရ       လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက်   လက်ရှိ    e-ID စနစ်လုပ်ငန်း  အကောင်အထည် ဖော်ဆောင်ရွက်နေသည့်    နည်း ပညာဆိုင်ရာအဖွဲ့နှင့် အိန္ဒိယနိုင်ငံ နည်းပညာဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့တို့သည်   နည်းပညာဆိုင်ရာ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပ ပြီး အဆိုပါဆွေးနွေးပွဲကို ယနေ့ တွင် ဆက်လက်ကျင်းပရာ မြန်မာ နိုင်ငံ၏ e-ID စနစ်နှင့်ပတ်သက်၍ နည်းပညာဆိုင်ရာ လိုအပ်ချက်များ အပေါ် အိန္ဒိယနိုင်ငံမှ နည်းပညာ  ရှင်များက    သုံးသပ်အကြံပြုကာ လိုအပ်သည်များ        ပံ့ပိုးကူညီ  ဆောင်ရွက်ပေးသွားမည်        ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်