ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် အင်ဂျန်းယန်ဒေသမှ နေရပ်စွန့်ခွာလာသူ ဒေသခံတိုင်းရင်းသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲ တက်ရောက်

နေပြည်တော်   ဇူလိုင်    ၂


ကချင်ပြည်နယ် အင်ဂျန်းယန်ဒေသမှ မြစ်ကြီးနားမြို့ နယ်အတွင်းသို့ နေရပ်စွန့်ခွာလာသူ ဒေသခံတိုင်းရင်း သားများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ် သည့်   အိမ်ထောင်စုလူဦးရေစာရင်းနှင့်   နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး စုပေါင်းရုံးရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပသည်။


ရှင်းလင်းပြောကြား


ရှေးဦးစွာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများ၊   ဝေးလံခေါင်သီသည့်    ဒေသများနှင့် နယ်မြေအခြေအနေအရ ကန့်သတ်ချက်ရှိသည့်ဒေသ များတွင် နေထိုင်ကြသည့် တိုင်းရင်းသားများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ကို  သက်ဆိုင်ရာရုံးများသို့ လာရောက်လျှောက်ထားဆောင်ရွက်ရန် အခက်အခဲ ရှိသည့်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိ သေးသူအများအပြား ကျန်ရှိနေပါကြောင်း၊ ယခု လည်း နယ်မြေဒေသအခြေအနေအရ အင်ဂျန်းယန် ဒေသမှ နေရပ်စွန့်ခွာလာသူများအတွက် IDPs စခန်း များသို့ သွားရောက်၍ လိုအပ်သည့် အိမ်ထောင်စုလူဦး ရေစာရင်းနှင့်   နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပန်းခင်းစီမံချက်ဖြင့်  ဥပဒေနှင့်အညီ  သွားရောက် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ပါကြောင်း၊  နိုင်ငံသား တစ်ဦးအနေဖြင့်    နိုင်ငံသားစိစစ်ရေးကတ်ပြားကို ရရှိကိုင်ဆောင်ထားမှသာ   နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိနိုင်မည်ဖြစ်ပါကြောင်း၊   ရရှိပြီးဖြစ် သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများကို ပျက်စီး/ပျောက်ဆုံးမှုမရှိစေရေး  အတွက်    စနစ်တကျ  ကိုင်တွယ်ထိန်းသိမ်းကြရန် လိုကြောင်း ရှင်းလင်းပြောကြားသည်။ 


ဆက်လက်၍ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေး ခြင်းလုပ်ငန်းကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေး နေမှုနှင့် အင်ဂျန်းယန်ဒေသမှ နေရပ်စွန့်ခွာလာသူများ အတွက် ဆောင်ရွက်ပေးမှုကို ရှင်းလင်းပြောကြား သည်။


ပေးအပ်


ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သည် အင်ဂျန်းယန်ဒေသမှ  နေရပ်စွန့်ခွာလာသည့် IDPs စခန်းမှ တိုင်းရင်းသားများအား ပန်းခင်းစီမံချက် ဖြင့် ဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စုလူဦးရေ စာရင်း ၁၆ စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၀၆ ကတ်တို့ကို ပေးအပ်ကြရာ ဒေသခံတိုင်းရင်းသား များနှင့် ကိုယ်စားလှယ်များက လက်ခံရယူကြသည်။


ဆက်လက်၍ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏   စိစစ်ကြီးကြပ်မှုဖြင့်   ကချင်ပြည်နယ် အတွင်းရှိ IDPs  စခန်းများ၌ နိုင်ငံသားစိစစ်ရေးလုပ်ငန်း များ     ဆောင်ရွက်ရာတွင်   အသုံးပြုရန်အတွက် ကွန်ပျူတာနှင့်    ဆက်စပ်ပစ္စည်း     ခြောက်မျိုးပါ ကွန်ပျူတာငါးစုံတို့ကို    ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီတို့က ပေးအပ်ရာ မြစ်ကြီးနား၊    မိုးညှင်း၊  ဗန်းမော်နှင့်   ပူတာအိုခရိုင် ဦးစီးမှူးများက  လက်ခံရယူကြပြီး အင်ဂျန်းယန်ဒေသ မှ နေရပ်စွန့်ခွာလာသူများကိုယ်စား တြီနီတီစခန်း တာဝန်ခံ ဦးဘရန်ရှောင်က ကျေးဇူးတင်ဝမ်းမြောက် စကား ပြောကြားသည်။


ကြည့်ရှုစစ်ဆေး


ထိုမှတစ်ဆင့်     ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ် ဦးစီးမှူး ရုံးသို့သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဝန်ထမ်းများက ဒေသခံပြည်သူများ အား   ပန်းခင်းစီမံချက်ဖြင့်    အိမ်ထောင်စုလူဦးရေ စာရင်းနှင့်   နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေး ခြင်းလုပ်ငန်း   ဆောင်ရွက်ပေးနေမှုနှင့်  မြို့နယ်ရုံး မှတ်တမ်းခန်းအတွင်း မှတ်တမ်းများ  ထိန်းသိမ်းထား ရှိမှုကို  ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ် သည်များ   မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။                            

သတင်းစဉ်