
နေပြည်တော် ဇူလိုင် ၂
ကချင်ပြည်နယ် အင်ဂျန်းယန်ဒေသမှ မြစ်ကြီးနားမြို့နယ်အတွင်းသို့ နေရပ်စွန့်ခွာလာသူ ဒေသခံ တိုင်းရင်းသားများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ဇူလိုင် ၁ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးစုပေါင်းရုံးရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့်ဒေသ များ၊ ဝေးလံခေါင်သီသည့် ဒေသ များနှင့် နယ်မြေအခြေအနေအရ ကန့်သတ်ချက်ရှိသည့် ဒေသများ တွင် နေထိုင်ကြသည့် တိုင်းရင်း သားများအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်ကို သက်ဆိုင်ရာ ရုံးများသို့ လာရောက်လျှောက် ထားဆောင်ရွက်ရန် အခက်အခဲ ရှိသည့်အတွက် နိုင်ငံသားစိစစ် ရေးကတ်ပြား မရရှိသေးသူ အများ အပြား ကျန်ရှိနေပါကြောင်း၊ ယခုလည်း နယ်မြေဒေသအခြေ အနေအရ အင်ဂျန်းယန်ဒေသမှ နေရပ်စွန့်ခွာလာသူများအတွက် IDPs စခန်းများသို့ သွားရောက်၍ လိုအပ်သည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပန်းခင်းစီမံချက် ဖြင့် ဥပဒေနှင့်အညီ သွားရောက် ဆောင်ရွက်ပေးခြင်းပင် ဖြစ်ပါ ကြောင်း၊ နိုင်ငံသားတစ်ဦးအနေ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကို ရရှိကိုင်ဆောင်ထားမှသာ နိုင်ငံသားအခွင့်အရေး အပြည့် အဝရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ရရှိပြီးဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ပျက်စီး/ ပျောက်ဆုံးမှု မရှိစေရေးအတွက် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း ကြရန်လိုကြောင်း ရှင်းလင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ဆက်လက်၍ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေမှုနှင့် အင်ဂျန်း ယန်ဒေသမှ နေရပ်စွန့်ခွာလာသူ များအတွက် ဆောင်ရွက်ပေးမှုကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များသည် အင်ဂျန်းယန်ဒေသမှ နေရပ်စွန့်ခွာလာသည့် IDPs စခန်းမှ တိုင်းရင်းသားများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပြီးဖြစ်သော အိမ်ထောင်စုလူဦးရေ စာရင်း ၁၆ စောင်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ၁၀၆ ကတ် တို့ကို ပေးအပ်ကြရာ ဒေသခံ တိုင်းရင်းသားများနှင့် ကိုယ်စား လှယ်များက လက်ခံရယူကြသည်။
ပေးအပ်
ဆက်လက်၍ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ စိစစ် ကြီးကြပ်မှုဖြင့် ကချင်ပြည်နယ် အတွင်းရှိ IDPs စခန်းများ၌ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းခြောက်မျိုးပါ ကွန်ပျူတာ ငါးစုံတို့ကို ပြည်ထောင်စုဝန်ကြီး နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီတို့ကပေးအပ်ရာ မြစ်ကြီး နား၊ မိုးညှင်း၊ ဗန်းမော်နှင့် ပူတာအို ခရိုင်ဦးစီးမှူးများက လက်ခံရယူ ကြပြီး အင်ဂျန်းယန်ဒေသမှ နေရပ်စွန့်ခွာလာသူများကိုယ်စား တြီနီတီစခန်း တာဝန်ခံ ဦးဘရန် ရှောင်က ကျေးဇူးတင်ဝမ်းမြောက် စကား ပြောကြားသည်။
ကြည့်ရှုစစ်ဆေး
ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးသည် တာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့နယ် ဦးစီးမှူး ရုံးသို့သွားရောက်၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဝန်ထမ်းများက ဒေသခံ ပြည်သူများအား ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက် ပေးနေမှုနှင့် မြို့နယ်ရုံးမှတ်တမ်း ခန်းအတွင်း မှတ်တမ်းများ ထိန်းသိမ်းထားရှိမှုကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်