ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် အလုပ်သမားရေးရာဆိုင်ရာ အရာထမ်းများ  လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၁) ဖွင့်ပွဲတက်ရောက်  


 

နေပြည်တော်   ဇူလိုင်   ၅


အလုပ်သမား၊    လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား  ဝန်ကြီး ဌာန၊ အလုပ်သမားရေးရာဆိုင်ရာ အရာထမ်းများ     လုပ်ငန်းခွင်မွမ်းမံ သင်တန်း  အမှတ်စဉ် (၃/၂၀၂၁) သင်တန်းဖွင့်ပွဲကို    ယနေ့နံနက် ၉ နာရီခွဲက    နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ (ဝဲပုံ) 
တွေးခေါ်   စဉ်းစားဆောင်ရွက်
ရှေးဦးစွာ အလုပ်သမား၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန      ပြည်ထောင်စု ဝန်ကြီး   ဦးမြင့်ကြိုင်က   ဝန်ထမ်း များအနေဖြင့်  ဝန်ထမ်းစည်းကမ်း များဖြစ်သည့်     အလုပ်ချိန် စည်းကမ်း၊  တာဝန်ထမ်းဆောင် မှုနှင့်လုပ်ရည်ကိုင်ရည် စည်းကမ်း၊ ပါတီနိုင်ငံရေး         ကင်းရှင်းရန် စည်းကမ်းတို့ကို      လိုက်နာရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ကောလာဟလသတင်း များနှင့်   သွေးထိုးစကားများကို မယုံဘဲ သတင်းမှန်၊ ဖြစ်ရပ်မှန်များ အပေါ် မူတည် ပြီး ဓမ္မဓိဋ္ဌာန်ကျကျ တွေးခေါ်   စဉ်းစားဆောင်ရွက်ရ မည် ဖြစ်ပါကြောင်း။
ရှင်းလင်းပြောကြား
ဝန်ထမ်းများအနေဖြင့်    သင် ကြားချက်များအပေါ်   အခြေခံပြီး ဘဝတစ်သက်တာ           လေ့လာ သင်ယူမှုများပြုလုပ်လျက် ဉာဏ မိတ္တပြည့်စုံသည့်  ဝန်ထမ်းကောင်း များ ဖြစ်လာစေရန်၊ နိုင်ငံတော်နှင့် အလုပ်ရှင်၊       အလုပ်သမားများ အားကိုးယုံကြည်ရသော   အရာ ထမ်းများ ဖြစ်လာစေရေး ကြိုးစား သွားကြရန်    မှာကြားလိုကြောင်း ပြောကြားပြီး          လတ်တလော နိုင်ငံရေးအခြေအနေများ၊  ILO  နှင့်      ဆက်ဆံရေးအခြေအနေ များကို           ရှင်းလင်းပြောကြား သည်။
တစ်ပတ်ကြာမြင့်မည်ဖြစ်
သင်တန်းသို့     အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ  ဝန်ထမ်း ၃၀၊   လူမှုဖူလုံရေးအဖွဲ့မှ ဝန်ထမ်း  ၁၅ ဦး စုစုပေါင်း ၄၅ ဦးတက်ရောက် ၍   သင်တန်းကာလမှာ ရက်သတ္တ တစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။   
သတင်းစဉ်