
နေပြည်တော် စက်တင်ဘာ ၂၁
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ ရောက်ရှိနေသော လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့် ကြိုင် ဦးဆောင်သော အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ကျန်းစု ပြည်နယ် လဲ့ယွင်းဂန်(Lianyun-gang)မြို့ Lianyung New City Hotel ၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (The 2023 Conference of Global Public Security Cooperation Forum) ဖွင့်ပွဲသို့ တက်ရောက် သည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံ ပေါင်း ၅၀ ကျော်မှ လုံခြုံရေး ဆိုင်ရာဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနဝန်ကြီး Mr. Wang Xiaohong က အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြ သည့် နိုင်ငံများမှ လုံခြုံရေးဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ နှင့် ကိုယ်စားလှယ်များကနှုတ်ခွန်း ဆက်အမှာစကား ပြောကြားကြ သည်။
ဖွင့်ပွဲအခမ်းအနား အပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး Mr. Wang Xiaohong တို့သည် အဆိုပါ ဟိုတယ်ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။
တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နှစ်ကာလရှည် ကြာစွာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်ခဲ့မှု၊ နှစ်နိုင်ငံ နယ်နိမိတ်အတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံ ပြည်သူများ အပြန်အလှန် ကူးလူး ဆက်ဆံ သွားလာနိုင်ရေးတို့ အတွက် ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံနယ်စပ်မှ တရားမဝင် ဝင်/ထွက်မှု မရှိစေရေး၊ မူးယစ်ဆေး ဝါးရောင်းဝယ်မှု၊ လူကုန်ကူးမှုနှင့် Online Game လောင်းကစားမှု များမရှိစေရန် ပူးပေါင်းဆောင်ရွက် ရေး၊ တရုတ်-မြန်မာ-ထိုင်း-လာအို လေးနိုင်ငံပူးပေါင်း၍ နယ်စပ် ဖြတ်ကျော်မှုခင်းများ၊ လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ငွေကြေးလိမ်လည် မှုများကို ထိရောက်စွာ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည့် အောင်မြင်မှုနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံနိုင်ရေး အတွက် တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးမည့် အခြေအနေ၊ နှစ်နိုင်ငံ နယ်စပ် ဂိတ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်-ရွှေလီ ဝင်ထွက်ဂိတ်မှ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူ မြန်မာနှင့်တရုတ် နိုင်ငံသားများ အပြန်အလှန် ဝင်ထွက်ခွင့်ပြုရေး စီစဉ်ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်း ရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများ၌ ပိုမိုနီးကပ် စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်