
နေပြည်တော် မေ ၁၉
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သည် ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကြောင့် ပျက်စီးမှုများ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးအတွက် အဆောက် အဦဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် အင်ဂျင်နီယာချုပ် များ၊ ရခိုင်ပြည်နယ်ရှိ ဝန်ထမ်း များကို ယနေ့တွင် ရခိုင်ပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ရုံး၌ တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ ရခိုင်ပြည်နယ်၊ ခရိုင်၊ မြို့နယ် များရှိ ရုံးများနှင့် လူနေအဆောက် အအုံများ၏ အမိုးအကာများကို အမြန်ဆုံး ပြုပြင်ဆောင်ရွက် သွားရန်၊ မိမိတို့ မူလတာဝန်ဖြစ် သည့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး အတွက် လမ်းမကြီးပေါ်တွင် သစ်ပင်များ လဲကျပိတ်ဆို့မှုကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ် တပ်ဖွဲ့တို့မှ ဖယ်ရှားရှင်းလင်းရာ တွင် မိမိတို့ဝန်ကြီးဌာနက စက် ယာဉ် ယန္တရားများဖြင့် ပူးပေါင်း ပါဝင် ရှင်းလင်းဆောင်ရွက်ပေး ရန်၊ လမ်းကြောင်းတစ်လျှောက် လမ်းပန်းဆက်သွယ်မှု မပြတ် တောက်စေရေးအတွက် ပျက်စီး သွားသော တံတားများအားယာယီ ဘေလီတံတားထိုး၍ သွားလာနိုင် ရေး အမြန်ဆုံးဆောင်ရွက်ရန်၊ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန နှင့် ပညာရေးဝန်ကြီးဌာနအောက် ရှိ ဆေးရုံအဆောက်အအုံများ၊ တက္ကသိုလ်များနှင့် အခြေခံပညာ အထက်တန်း ကျောင်းများ၏ ပျက်စီးမှုကို အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ရေးအတွက် ပျက်စီးမှု စာရင်းကောက်ယူခြင်း၊ ပစ္စည်း လိုအပ်ချက် စာရင်းပြုစုခြင်း၊ အမိုးသွပ်၊ သွပ်ရိုက်သံနှင့် သစ်လိုအပ်ချက်များအား ပြုစု၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆောက်လုပ်ရေး အဖွဲ့များ ပေါင်းစပ်ပြုပြင်နိုင်ရေး စီမံဆောင် ရွက်ရန်တို့ကို မှာကြားသည်။
ထို့နောက် အဆောက်အဦ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ အင်ဂျင်နီယာချုပ် များက ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို ဖြည့်စွက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြ ရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေ-ပလ္လင်ပြင်လမ်း မိုင်တိုင်အမှတ် (၂/၄)ရှိ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော သဲချောင်း တံတားအား ယာယီဘေလီတံတား အရှည်ပေ ၁၄၀၊ အကျယ် ၁၈ ပေ တည်ဆောက်နေသည့် လုပ်ငန်း ခွင်သို့ရောက်ရှိရာ တံတားဦးစီးဌာန တံတားအထူး အဖွဲ့ (၇)မှ ဒုတိယ ညွှန်ကြားရေး မှူး ဦးမင်းခန့်က ယာယီတံတား ထိုးနေမှု အခြေအနေနှင့် ပြန်လည် ပြုပြင်ဆောင်ရွက်မည့် အစီအစဉ် များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အများ ပြည်သူများ သွားလာရေးအဆင် ပြေစေရန် လမ်းပန်းဆက်သွယ်မှု မပြတ်တောက် စေရေးအတွက် အမြန်ဆုံး ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်း စေရေး ဂရုပြုဆောင်ရွက်ရန် တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်