ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ဇနီး ဝန်ကြီးဌာနမိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် အားကစားပြိုင်ပွဲ ဆုပေးပွဲတက်ရောက်

 

နေပြည်တော်   ဇူလိုင်   ၂ 


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပျိုးဥယျာဉ်အနီး၌ ကိုဗစ်-၁၉ ကပ်ရောဂါ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ဇနီး တက်ရောက်၍ ကံ့ကော်ပင်အား ဦးဆောင်စိုက်ပျိုးပေးသည်။
 

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊       ဌာနတာဝန်ခံများ၊ ဝန်ထမ်းများက   ပျိုးပင်များကို     သတ်မှတ်နေရာ အသီးသီးတွင် စိုက်ပျိုးပေးကြသည်။ 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု အားပေးသည်။ ယနေ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် ကံ့ကော်၊ ခရေ၊ စကားဝါ၊ မဟော် ဂနီ၊ စွယ်တော်၊ ပိတောက်၊  မဲဇလီ၊ စိန်ပန်း၊ ကျွန်း စသည့်  သစ်ပင်/ ပျိုးပင်  စုစုပေါင်း ၃၆၅  ပင်ကို စိုက်ပျိုးခဲ့ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန စားပွဲတင်တင်းနစ် နှင့် ပိုက်ကျော်ခြင်း ဗိုလ်လုပွဲ   ပွဲစဉ်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။


ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက်  တတိယဆုရရှိသော ပိုက်ကျော်ခြင်းအသင်းနှင့် စားပွဲတင်တင်းနစ် တစ်ဦး ချင်း (အမျိုးသား)ဆု၊ တတိယဆုရရှိသော စားပွဲတင် တင်းနစ် တစ်ဦးချင်း (အမျိုးသမီး) ဆု၊ ဒုတိယဆုရရှိ သော ပိုက်ကျော်ခြင်းအသင်းနှင့် စားပွဲတင်တင်းနစ် တစ်ဦးချင်း(အမျိုးသား)ဆု       ဒုတိယဆုရရှိသော စားပွဲတင်တင်းနစ် တစ်ဦးချင်း(အမျိုးသမီး) ဆုတို့ကို   ညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့၏ဇနီးများက ပေးအပ်ချီးမြှင့်ခဲ့သည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက ပထမဆုရရှိသော   ပိုက်ကျော်ခြင်းအသင်း နှင့် စားပွဲတင်တင်းနစ် တစ်ဦးချင်း (အမျိုးသား)ဆုကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၏ဇနီးက ပထမ ဆုရရှိသော စားပွဲတင်တင်းနစ် တစ်ဦးချင်း (အမျိုး သမီး) ဆုကို ပေးအပ်ချီးမြှင့်သည်။ 

အဆိုပါ ဝန်ကြီးဌာန အားကစားပြိုင်ပွဲကို ဇူလိုင် ၁  ရက် နှင့် ၂ ရက်တို့တွင် ကျင်းပပြီး  ပြိုင်ပွဲများသို့ ဝန်ကြီးရုံးနှင့် ဦးစီးဌာနမှ အမျိုးသား ၃၇ ဦး၊ အမျိုး သမီးငါးဦး စုစုပေါင်း ၄၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။                          

 

သတင်းစဉ်