
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးမြင့်ကြိုင် တပ်ကုန်းမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်ရှိ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
နေပြည်တော် စက်တင်ဘာ ၂၀
အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်တို့သည် တာဝန်ရှိသူ များ၊ အနုပညာရှင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့ အနီးတစ်ဝိုက်နှင့် ကျေးရွာများမှ ရေဘေး သင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် နေပြည်တော် တပ်ကုန်းမြို့ မဟာဇနကကျောင်းတိုက်တွင် ဖွင့်လှစ် ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်း သို့ သွားရောက်၍ မဟာဇနကကျောင်း တိုက် နာယကဆရာတော် ဘဒ္ဒန္တဝဏ္ဏာ ရဟအား ဖူးမြော်ကြည်ညို၍ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် အဆိုပါကျောင်းတိုက်ရှိ မဟာဇနကဗိမာန်တော်၌ ရေဘေးသင့် ပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ ပြည်ထောင်စုဝန်ကြီးများ နှင့်အတူ အနုပညာရှင်များက လှူဒါန်း ရခြင်းအကြောင်း ရှင်းလင်းပြောကြားကာ အားပေးစကားပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး များ၊ M Entertainment Channel နှင့် Elavate Broadcast Myanmar Co.,Ltd တို့မှ တာဝန်ရှိသူများနှင့် အနုပညာရှင် များက ရေဘေးသင့်ပြည်သူများအတွက် လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် ဆေးဝါးများကို ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားခေတ်ပေါ်တီးဝိုင်းအဖွဲ့နှင့်အတူ နာမည်ကျော် တေးသံရှင်များဖြစ်ကြသည့် ယုန်လေး၊ ဂျင်းနီ၊ ဟာသပညာရှင်များ ဖြစ်ကြသည့် အကယ်ဒမီအုန်းသီး၊ ဒိန်းဒေါင် နှင့် အနုပညာရှင်များ၊ MRTV မှ ဝန်ထမ်း တေးသံရှင်များက ရေဘေးသင့်ပြည်သူ များ စိတ်ဓာတ်ခွန်အား တက်ကြွစေမည့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရေဘေးသင့် ပြည်သူများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး ရေဘေးသင့်ပြည်သူများ၏ အခက်အခဲများနှင့် ဆောင်ရွက်ပေးစေလို သည်များကို မေးမြန်း၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ မဟာဇနကကျောင်းတိုက် ရေဘေးကယ်ဆယ်ရေးစခန်းတွင် အနော် ရထာရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်နှင့် မြောက်ရွေးစုကျေးရွာ၊ စုစုပေါင်းရပ်ကွက်/ကျေးရွာ သုံးခုမှ အိမ်ထောင်စု ၈၁ စု၊ လူဦးရေ ၂၄၉ ဦးတို့အား ကူညီကယ်ဆယ် စောင့်ရှောက်ထားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် နေပြည်တော် တပ်ကုန်း မြို့ ချမ်းမြေ့မြိုင်ရိပ်သာကျောင်းတိုက်တွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ် ရေးစခန်းသို့ သွားရောက်၍ ကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တသီဟဉာဏ အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် အဆိုပါကျောင်းတိုက်ရှိ ဓမ္မာရုံ၌ ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ပြည်ထောင်စုဝန်ကြီးများနှင့် အတူ အနုပညာရှင်များက လှူဒါန်းရခြင်း အကြောင်း ရှင်းလင်းပြောကြား၍ အားပေးစကားများ ပြောကြားကြ ကာ ရေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး များ၊ M Entertainment Channel နှင့် Elavate Broadcast Myanmar Co.,Ltd တို့မှ တာဝန်ရှိသူများနှင့် အနုပညာရှင် များက ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။
ဆက်လက်၍ ရေဘေးသင့်ပြည်သူ များအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ခေတ်ပေါ်တီးဝိုင်းအဖွဲ့နှင့်အတူ အနုပညာ ရှင်များ၊ MRTV မှ ဝန်ထမ်းတေးသံရှင် များက စိတ်ဓာတ်ခွန်အား တက်ကြွစေ မည့်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ ကြသည်။
အဆိုပါ ချမ်းမြေ့မြိုင်ဘုန်းကြီး ကျောင်းတွင် အနော်ရထာရပ်ကွက်၊ အဆုံ ဇီးကုန်း၊ ရှောက်ကုန်း၊ လက်ပံကုန်း၊ မြောက်ရွေးစုနှင့် ချောင်းဂွကျေးရွာတို့မှ စုစုပေါင်းရပ်ကွက်/ ကျေးရွာ ခြောက်ခုမှ အိမ်ထောင်စု ၁၂၇ စု လူဦးရေ ၄၂၀ တို့အား ကူညီကယ်ဆယ်စောင့်ရှောက်ထားခြင်း ဖြစ်သည်။
တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက် ပြန်ကြားရေးဝန်ကြီး ဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ M Entertainment Channel နှင့် Elavate Broadcast Myanmar Co.,Ltd တို့မှ လူသုံးကုန်၊ စားသောက်ကုန်များနှင့် ဆေးဝါးများ စုစုပေါင်းတန်ဖိုးငွေကျပ် ၅၀၁၄၀၀၀ ကိုလည်းကောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ လူသုံးကုန်ပစ္စည်းများကို လည်း ကောင်း၊ အနုပညာရှင်များကလည်း အလှူငွေနှင့် စားသောက်ကုန်များကို လည်းကောင်း လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ သွားရောက်ပြီး ရာဂီ မုန်တိုင်းတိုက်ခတ်ခဲ့သည့် သဘာဝဘေး ဒဏ်ကြောင့် တပ်ကုန်းမြို့အနီးတစ်ဝိုက် နှင့် ကျေးရွာများတွင် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွား၍ ဓာတ်တိုင်များ ပြိုလဲခဲ့ပြီး စက်တင်ဘာ ၁၁ ရက်မှစ၍ လျှပ်စစ် ဓာတ်အားလိုင်း ပြတ်တောက်ခဲ့သော် လည်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ရုပ်သံထုတ်လွှင့်မှုများ ပြတ်တောက်မှု မရှိစေရေးအတွက် ၁၂၅၀ ကေဗွီအေ Generator မီးစက်ကြီး နှစ်လုံးဖြင့် စက်တင်ဘာ ၁၅ ရက်အထိ အလှည့်ကျ မောင်းနှင်ဆောင်ရွက်ခဲ့မှု၊ ဂါလန် ၈၀၀၀၀ ဆံ့ ရေစုကန်မှတစ်ဆင့် ၁၆ ကေဗွီအေ အင်ဂျင်မီးစက်ဖြင့် မောင်းနှင်၍ ပင်မ အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ အတွက် ရေပြတ်တောက်မှု မရှိစေရေး စီစဉ်ဆောင်ရွက်ခဲ့မှု၊ ဂါလန် ၆၀၀၀၀ ဆံ့ ရေစုကန်ဖြင့် မြေအောက်ရေစုဆောင်း ဖြန့်ဝေခဲ့မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တန်ဖိုးကြီးမားသည့် မီးစက်ကြီးများ ပုံမှန်ကြံ့ခိုင်ရေးပြုလုပ်ပြီး စမ်းသပ် မောင်းနှင်ထိန်းသိမ်းရေး စီမံဆောင်ရွက် ရန်နှင့် ယင်းအတွက် အရန်ပစ္စည်းများ လည်း အသင့်ရှိရန်၊ ရေစုကန်များတွင် ရေအမြဲမပြတ်စုဆောင်းထားရှိပြီး မီးဘေး အန္တရာယ် ကာကွယ်ရေးအတွက်လည်း အသင့်အသုံးပြုနိုင်ရေး စီမံဆောင်ရွက် ထားရှိရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အနုပညာရှင်များ သည် ပျဉ်းမနားမြို့နယ် သပြေတောင် တောရကျောင်းတိုက်နှင့် မဟာလယ်တီစံ ကျောင်းတိုက်တို့၌ ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေး စခန်းများသို့ ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများ အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အနုပညာရှင် များက လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားကာ အားပေးစကား ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများနှင့် အနုပညာရှင်များ က ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြ သည်။ ထို့နောက် နိုင်ငံကျော်ဟာသပညာရှင် များဖြစ်ကြသည့် အကယ်ဒမီအုန်းသီးနှင့် ဒိန်းဒေါင်တို့က ရေဘေးသင့်ပြည်သူ များ စိတ်ဓာတ်ခွန်အား တက်ကြွစေမည့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြ သည်။
အဆိုပါ သပြေတောင်တောရကျောင်း တိုက်တွင် ရပ်ကွက် / ကျေးရွာများမှ ရေဘေးသင့်ပြည်သူ စုစုပေါင်းဦးရေ ၃၅၀နှင့် မဟာလယ်တီ စံကျောင်းတိုက်တွင် ရပ်ကွက် / ကျေးရွာများမှ ရေဘေးသင့် ပြည်သူ ၃၉၉ ဦးတို့ကို ကူညီကယ်ဆယ် စောင့်ရှောက်ထားကြောင်း သိရသည်။ ပျဉ်းမနားမြို့နယ်မှ ရေဘေးသင့် ပြည်သူများအတွက် ပြန်ကြားရေးဝန်ကြီး ဌာနက လူသုံးကုန်၊ စားသောက်ကုန်များ နှင့် ဆေးဝါးများ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၅၀ အား လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်