ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ ပုသိမ်တက္ကသိုလ် စာကြည့်တိုက်ကို ကြည့်ရှု​လေ့လာပြီး  စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

 

ပုသိမ်   ဩဂုတ်  ၂၂


မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက် မှုကော်မတီဥက္ကဋ္ဌ  ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဦးမောင်မောင်အုန်းနှင့်  ဧရာဝတီတိုင်းဒေသကြီး   ဝန်ကြီးချုပ်   ဦးတင် မောင်ဝင်းတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်တက္ကသိုလ် စာကြည့် တိုက်သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ၏ စာအုပ်စာစောင် များ     ဖတ်ရှုလေ့လာနေမှုနှင့်    စာအုပ်စာစောင်များ   ငှားရမ်းနေမှု   အခြေအနေများကို ကြည့်ရှုအားပေးကာ စာအုပ်စာစောင်များ ပေးအပ် လှူဒါန်းသည်။


ရှေးဦးစွာ တက္ကသိုလ်စာကြည့် တိုက်အတွင်း စာအုပ်စာစောင်များ ဖတ်ရှုနေကြသည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမ များအား တွေ့ဆုံ၍ ပြည်ထောင်စု ဝန်ကြီးက      ယနေ့အချိန်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးအတွက်     နိုင်ငံတစ်ဝန်း၌ ကြိုးပမ်း        ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကျောင်းသား ကျောင်းသူ များ    ဖတ်ရှုလိုသည့်     စာအုပ်၊ စာစောင်များကို  စာကြည့်တိုက် တွင် စီစဉ်ထားရှိပေးထားရန်လိုပါ ကြောင်း၊ ထိုသို့ စာအုပ်၊ စာစောင် များ ထားရှိပေးရာတွင် အသိပညာ ဗဟုသုတ  တိုးပွားစေရန်   သုတ စာအုပ်များ ထားရှိပေးရန် လိုသကဲ့ သို့  စိတ်နှလုံးနူးညံ့ပြီး ကိုယ်ချင်း စာနာစိတ်၊ လူအချင်းချင်း ချစ်ခင် ညှာတာစိတ် ဖြစ်ပေါ်စေရန် ရသ စာအုပ်များကိုလည်း   ထားရှိပေး စေလိုကြောင်း။


ယခုအခါ     နိုင်ငံတော်အကြီး အကဲက  လူထုသိပ္ပံကျမ်းများကို ပြန်လည်ပုံနှိပ်    ထုတ်ဝေစေရုံ သာမက      စာကြည့်တိုက်များ အတွက်  လှူဒါန်းပေးလျက်ရှိပါ ကြောင်း၊   လူငယ်များ    စာအုပ် စာစောင်များ ဖတ်ရှုလေ့လာနိုင်ရန် မိမိတို့နှင့်အတူ ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း    ပြောကြား သည်။


ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ပုသိမ်တက္ကသိုလ် စာကြည့်တိုက်တွင်  ကျောင်းသား ကျောင်းသူများ       စာပေလေ့လာ ဖတ်ရှုနိုင်ရန် ကူညီဆောင်ရွက်ပေး လျက်ရှိသည့်    အခြေအနေများ ကို        ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီး ချုပ်တို့က  လူထုသိပ္ပံကျမ်းများနှင့် စာအုပ်စာစောင်များ      ပေးအပ် လှူဒါန်းသည်။


ထို့နောက်    ဘွဲ့နှင်းသဘင် ခန်းမ၌   ကျင်းပသည့်   ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  ပထဝီဝင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ   လေ့လာမှု ပညာဘာသာရပ် မိသားစုများ၏ အာစရိယပူဇော်ပွဲ၊     မောင်မယ် သစ်လွင်ကြိုဆိုပွဲ၊ နှုတ်ဆက်ပွဲနှင့် ဆုပေးပွဲ       အခမ်းအနားသို့   တက်ရောက်အားပေးပြီး    ပြည် ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများအား     နှုတ်ဆက် စကားပြောကြားကာ တက္ကသိုလ်အတွက်        DTH  စလောင်း နှစ်စုံနှင့်  DVB-T2 Set Top Box ၁၅ စုံကို လည်းကောင်း၊    တိုင်းဒေသကြီး    ဝန်ကြီးချုပ်က    ပထဝီဝင်ဌာနအတွက်   ထောက်ပံ့ ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း     ပေးအပ်လှူဒါန်းသည်။  


ထို့နောက်   ပုသိမ်တက္ကသိုလ် အစည်းအဝေးခန်းမ၌   ပါမောက္ခ ချုပ်       ဒေါက်တာသန်းထွန်းက ပြည်ထောင်စုဝန်ကြီးနှင့်  ဝန်ကြီး ချုပ်တို့အား   တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို  ရှင်းလင်း တင်ပြပြီး      သတ္တဗေဒဌာနမှ ဒေါက်တာ နီလာသန်းက စပါးခင်း များတွင် ကျရောက်သောပိုးများကို လေ့လာခြင်းနှင့်   ဖျက်ပိုးများကို ပိုးအချင်းချင်း    ထိန်းချုပ်သော နည်းလမ်းအသုံးပြု၍ နှိမ်နင်းခြင်း ခေါင်းစဉ်ဖြင့်      လည်းကောင်း၊ ဓာတုဗေဒဌာနမှ      ဒေါက်တာ အိအိခိုင်က အုန်းဆံအခွံမှ စက္ကူ ပြုလုပ်ခြင်း  ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ ပထဝီဝင်ဌာနမှ ဒေါက်တာ ဇင်မေဦးက ပုသိမ်မြို့နယ်၏  စပါး ကုန်သွယ်မှုပုံစံ  အလားအလာကို ဆန်းစစ်လေ့လာခြင်း  ခေါင်းစဉ် ဖြင့်လည်းကောင်း၊ အဏ္ဏဝါသိပ္ပံ ဌာနမှ   ဒေါက်တာ ခင်မေချစ်မောင် က အဏ္ဏဝါသိပ္ပံဌာန၏    ဒေသ အကျိုးပြု   သုတေသနခေါင်းစဉ် ဖြင့်လည်းကောင်း၊   စီးပွားရေး ပညာဌာနမှ   ကထိက   ဒေါ်ခိုင် ဇာဝင်း က ဧရာဝတီတိုင်းဒေသကြီး ရေချိုငါး မွေးမြူထုတ်လုပ်ခြင်း၏ ဈေးကွက်ဖြန့်ဖြူးမှုကို  လေ့လာ ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း စသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုး  တိုးတက်စေရန်      စာတမ်းများ  ပြုစုဆောင်ရွက်နေမှု     အခြေအနေ များကို      ရှင်းလင်းတင်ပြကြ သည်။


တင်ပြချက်များနှင့် ပတ်သက် ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပုသိမ်တက္ကသိုလ်တွင်     စိုက်ပျိုး မွေးမြူရေးကို      အခြေခံသည့် သုတေသနလုပ်ငန်းများ ဆောင် ရွက်လျက်ရှိပါကြောင်း၊       ထိုသို့ ဆောင်ရွက်ရာတွင်           စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများသာမက ထုတ်လုပ်ရေးကဏ္ဍနှင့် ဈေးကွက် ကဏ္ဍ သုတေသနလုပ်ငန်းများကို ပါ ဖြည့်စွက်ဆောင်ရွက်စေလျက် ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသ ကြီး၏  စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရန် ကဏ္ဍအသီးသီးမှ ချဉ်းကပ် မှုမျိုးစုံနှင့် ဆောင်ရွက်လျက်ရှိပါ ကြောင်း      စသည့်သုတေသန လုပ်ငန်းများနှင့်    ပတ်သက်သည့် အခြေအနေများကို   ဖြည့်စွက် ရှင်းလင်းပြောကြားကာ    ပြည် ထောင်စုဝန်ကြီးက    နိုင်ငံတော် အစိုးရက ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်များနှင့်   ဦးတည် ချက်များ         အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း  ဆောင်ရွက်ပေး ကြစေလိုကြောင်း    ပြောကြားခဲ့ သည်။   

                       
သတင်းစဉ်