ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား မြန်မာ - တရုတ်ခရီးသွားမြှင့်တင်ရေးအမှုဆောင်ဥက္ကဋ္ဌနှင့်အဖွဲ့  လာရောက်တွေ့ဆုံ

နေပြည်တော်  ဇွန်  ၆


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား   မြန်မာ - တရုတ်ခရီးသွား မြှင့်တင် ရေးအမှုဆောင်ဥက္ကဋ္ဌ    Mr. David Liu  နှင့် အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏  ဧည့်ခန်းမ၌    လာရောက်တွေ့ဆုံသည်။

 


တွေ့ဆုံစဉ် တရုတ် - မြန်မာ နှစ်နိုင်ငံ   ယဉ်ကျေးမှု၊    ကုန်သွယ်ရေး၊ သတင်းအချက်အလက်ဖလှယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်     ခရီးသွားလုပ်ငန်း    မြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များကို  ဆွေးနွေးကြသည်။

 


တွေ့ဆုံပွဲသို့    ဒုတိယဝန်ကြီး ဦးရဲတင့်၊  အမြဲတမ်းအတွင်းဝန်  ဦးမျိုးမြင့်မောင်နှင့်   ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။                                                                        

 သတင်းစဉ်