
နေပြည်တော် ဧပြီ ၁၆
နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်လမ်းလျှောက် သင်္ကြန်အတွင်း ပြည်သူများ အေးချမ်းပျော်ရွှင် လွတ်လပ်စွာ အတာရေသဘင်ပွဲတော် ပါဝင်ဆင်နွှဲ နေမှုကို ကြည့်ရှုအားပေးပြီး ဝန်ကြီးဌာနများ၏ ရေကစားမဏ္ဍပ်များ၌ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစု များ၊ ပြည်သူများနှင့်အတူ မြန်မာ့ရိုးရာ အတာသင်္ကြန် ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲသည်။
ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် ဝန်ကြီးဌာနများ၏ ဖျော်ဖြေရေး မဏ္ဍပ်များ၌ နိုင်ငံကျော် တေးသံရှင်များ၊ အနုပညာရှင် များနှင့် သင်္ကြန်ယိမ်းအဖွဲ့များ၏ သင်္ကြန်တေးသီချင်း ဖျော်ဖြေတင်ဆက်မှုများနှင့် သင်္ကြန်ယိမ်းအကအလှ များကို လှည့်လည်ကြည့်ရှု အားပေးကြပြီး ဝန်ထမ်း များ၊ ဝန်ထမ်းမိသားစုများကို အတာရေပက်ဖျန်း ပေးကာ ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်