ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးအောင်နိုင်ဦးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့ မန္တလေးရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များနှင့် တွေ့ဆုံဆွေးနွေး

 

မန္တလေး ဖေဖော်ဝါရီ ၁၈


ပြန်ကြားရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမောင် မောင်အုန်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး         ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် နိုင်ဦးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ယနေ့မွန်းလွဲပိုင်းတွင်   မန္တလေး မြို့တော်ခန်းမ၌   မန္တလေးမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင် များနှင့်    ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေးနွေးကြသည်။

 


ရှေးဦးစွာ            ပြည်ထောင်စု ဝန်ကြီး  ဦးမောင်မောင်အုန်းက ပြန်ကြားရေး     ဝန်ကြီးဌာနနှင့် လုပ်ငန်း          ဆက်စပ်နေသော မန္တလေးမြို့ရှိ   စာပေ၊   ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ အနုပညာ ရှင်များ၊  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်‌ရေး  ဝန်ကြီးဌာနနှင့် လုပ်ငန်းဆက်စပ်သော စီးပွားရေး လုပ်ငန်းရှင်များ      ပူးပေါင်း၍ တွေ့ဆုံဆွေးနွေးခြင်း     ဖြစ်ပါ ကြောင်း၊ လက်ရှိနိုင်ငံရေးအခြေ အနေနှင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့်  လူမှု စီးပွားဘဝ    ဖွံ့ဖြိုးတိုးတက်ရေး၊ မန္တလေးမြို့    သန့်ရှင်းသာယာ လှပမှု၊ စည်းကမ်းကျနမှုနှင့်အတူ တာဝန်ရှိသူများနှင့် ပြည်သူများ ပူးပေါင်း           ဆောင်ရွက်နေမှု၊ ဆက်လက်ပြီး  အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမို ပူးပေါင်း   ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြား သည်။

 


ထို့နောက်          ပြည်ထောင်စု ဝန်ကြီး      ဦးအောင်နိုင်ဦးက နိုင်ငံတကာတွင်            စီးပွားရေး အကျပ်အတည်းများ             ရင်ဆိုင် ကြုံတွေ့နေရမှုနှင့်   စီးပွားရေးမှ အစပြု၍    ပြိုလဲမသွားစေရန် ကျားကန်          ရင်ဆိုင်နေရမှု၊ မြန်မာနိုင်ငံတွင်လည်း စီးပွားရေး အရ     ပြိုလဲမှုမဖြစ်စေရန်အပြင် ဖွံ့ဖြိုးတိုးတက်စေရန်     ရုန်းကန် ဆောင်ရွက်နေမှု၊    ကုန်သွယ်မှု လိုငွေ    မဖြစ်စေရေး   ကြိုတင် ကာကွယ်         ဆောင်ရွက်နေမှု၊ သွင်းကုန်များ ချင့်ချိန်ဆောင်ရွက် နေမှုနှင့်  ပို့ကုန်တိုးတက်စေရန် ဆောင်ရွက်နေမှု၊ ပြည်တွင်းအား ကို အလေးထားပြီး စိုက်ပျိုးမွေးမြူ ရေးနှင့် အသေးစား၊ အလတ်စား၊ အငယ်စား စက်မှုလုပ်ငန်း(MSME) များ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေး  ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားသည်။

 


ယင်းနောက်   မန္တလေးတိုင်း ဒေသကြီး               ဝန်ကြီးချုပ် ဦးမျိုးအောင်က နိုင်ငံတော် အစိုးရ အနေဖြင့်         “ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ ”  ဆောင်ပုဒ်နှင့်အညီ ရှေ့လုပ်ငန်းစဉ်နှင့်  ဦးတည်ချက် များ   ချမှတ်ပြီး  လုပ်ငန်းများ အောင်မြင်စေရန်     စနစ်တကျ စီမံဆောင်ရွက်လျက်            ရှိပါ ကြောင်း၊ မန္တလေးတိုင်းဒေသကြီး အနေဖြင့်လည်း တက်ရောက်လာ ကြသည့်  စီးပွားရေးလုပ်ငန်းရှင် များ၊ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များ      အားလုံး ကိုယ်စား  ယခုထက်  ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ကြိုးစားဆောင် ရွက်သွားမည်     ဖြစ်ပါကြောင်း ပြောကြားသည်။

 


ထို့နောက် တက်ရောက်လာ ကြသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် ဖြစ်ပေါ်မှု အခြေအနေများ ကို ရှင်းလင်းဆွေးနွေးပြောကြားမှု နှင့်အတူ           ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်        ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားကြသည်။

 


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများ၊          တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ တက်ရောက်လာကြသူများသည် ရင်းရင်းနှီးနှီးဖြင့်      အတူတကွ လက်ဖက်ရည် သုံးဆောင်ခဲ့ကြသည်။

 


ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည် ပြင်ဦးလွင်မြို့ ထုံးဘိုကျေးရွာရှိ မြေဧရိယာ ၂ ဒသမ ၁၉ ဧက ပေါ်တွင်၊ ဉာဏ်တော်အမြင့် ၃၆ ပေဖြင့် တည်ဆောက်လျက်ရှိသော သီတဂူ          ဆန်ချီစေတီတော်သို့ သွားရောက် ဖူးမြော်ကြည်ညိုပြီး သီတဂူဆရာတော်ဘဒ္ဒန္တ ဉာဏိဿရ အား ဖူးမြော်ကာ ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် ထီးတော်တင် လှူပူဇော်မည့် အခြေအနေများနှင့် စပ်လျဉ်းပြီး      လျှောက်ထား၍ လိုအပ်သည်များ    စီစဉ်ဆောင်ရွက် ပေးခဲ့သည်။  

               

သတင်းစဉ်