ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရန်ကုန်မြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် MITV News Studio ပြန်လည်တည်ဆောက်မှု၊ ရုပ်သံ Tower များ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ကြံ့ခိုင်မှုများစစ်ဆေး

 

ရန်ကုန်  အောက်တိုဘာ ၁၄ 


ပြန်ကြားရေးဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး   ဦးမောင်မောင် အုန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ    မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့   ရောက်ရှိပြီး MITV News Studio ပြန်လည် တည်ဆောက်မှု၊  ရုပ်သံ Tower များ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ကြံ့ခိုင်မှု     အခြေအနေများကို   ကြည့်ရှုစစ်ဆေးသည်။

 


တွေ့ဆုံနှုတ်ဆက်


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး သည်   MITV    News  Studio ပြန်လည်တည်ဆောက်ရန်အတွက် Studio-2 တွင်  ယာယီ Studio ပြင်ဆင်ဆောင်ရွက်နေမှုနှင့် MITV News   Studio  တွင်  သတင်း ဖတ်ကြားမှု     အခြေအနေများကို လည်းကောင်း၊ MITV သတင်းခန်း တွင်   ယာယီအသံဖမ်း  Studio ဆောက်လုပ်ပြီး  လုပ်ငန်းဆောင် ရွက်နေမှု အပါအဝင် သတင်းခန်း ၏        လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်ကို     လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ နှင့်   ရင်းရင်းနှီးနှီး  တွေ့ဆုံနှုတ် ဆက်သည်။

 


MITV   News  Studio  ကို ၂၀၁၃ ခုနှစ်တွင် စတင်အသုံးပြု ခဲ့ရာ ယခုအခါ နှစ်ကာလကြာမြင့် ပြီး ဒီဇိုင်းအသစ်ပြင်ဆင်ပြောင်းလဲ နိုင်ရန်အတွက် အချိန်တစ်လခန့် ဖြင့် ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ရာ ထိုသို့ ဆောင်ရွက်နေစဉ် သတင်းထုတ်ပြန်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်ရန်အတွက်  Studio-2တွင် ယာယီ   News  Studio  အဖြစ် တည်ဆောက်အသုံးပြုခြင်း  ဖြစ်သည်။

 


ကြည့်ရှုစစ်ဆေး


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည် တာဝန်ရှိသူများနှင့် အတူ 9 Meter Earth Station သို့ သွားရောက်ပြီး ရုပ်သံအစီအစဉ် များအား  ဂြိုဟ်တုဆက်ကြောင်း များ၊  ဖိုက်ဘာဆက်ကြောင်းများ ဖြင့်       ထုတ်လွှင့်ပေးပို့ခြင်းနှင့် ဖမ်းယူဖြန့်ဝေခြင်း  ဆောင်ရွက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 


အဆိုပါ   9  Meter  Earth Station ကို ၁၉၉၇ ခုနှစ်အတွင်း စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းမှ    မြန်မာ့အသံနှင့်   ရုပ်မြင် သံကြား(ရန်ကုန်)တွင်    ရိုက်ကူး သည့် အစီအစဉ်များနှင့် Content Provider များဖြစ်သည့် Channel K, YTV,  Fortune  TV  များနှင့် ပုဂ္ဂလိက FM လိုင်းများမှ ရုပ်သံ အစီအစဉ်များကို   ဖိုက်ဘာနှင့် ဂြိုဟ်တု     ဆက်ကြောင်းများမှ   တစ်ဆင့် နေပြည်တော်(တပ်ကုန်း)ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သို့ ပေးပို့လျက်ရှိသည်။

 


ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် 200Meter Tower သို့ ရောက်ရှိပြီး Tower ကြံ့ခိုင်မှု၊ Analogue နှင့် DVB-T2 ထုတ်လွှင့်စက်များ၊ FM ထုတ်လွှင့် စက်များ၊ MRTV  DAB+နှင့် ရေဒီယို ထုတ်လွှင့်စက်များ၏ ထုတ်လွှင့်မှု တို့ကို ကြည့်ရှုစစ်ဆေးသည်။

 


ထုတ်လွှင့်ပေး


အဆိုပါ 200Meter Tower ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ရွှေသံလွင်ကုမ္ပဏီတို့   အကျိုးတူ ပူးပေါင်း၍ ၂၀၁၂ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်မှစ၍ လုပ်ငန်းများ ဆောင် ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတွင် မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား၏ Analogue နှင့် DVB-T2 ရုပ်သံ လိုင်းများ၊ မြန်မာ့အသံ FM ရေဒီယို များ၊ MRTV DAB+ ထုတ်လွှင့်မှုများ၊ ရွှေသံလွင်   မီဒီယာကုမ္ပဏီလီမိ တက်နှင့် Forever Group Co.,Ltd တို့၏   ရုပ်သံအစီအစဉ်များနှင့် ပုဂ္ဂလိက FM အစီအစဉ်များအား ထုတ်လွှင့်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။              
 

သတင်းစဉ်