ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲသို့ တက်ရောက်

 

ရန်ကုန်   မတ်    ၁၁


ပြန်ကြားရေးဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့  မရမ်းကုန်းမြို့နယ်ရှိ Hotel Yangon  ၌  စာရေးဆရာ မြင်းခြံ   ကျော်အောင်  (ခ) သန်း ထက်စံ ၏ “ဘဝဇာတ်ခုံ ဖြစ်ရပ်စုံ” စာအုပ်များ  ပြန်ကြားရေးဝန်ကြီး ဌာနသို့   ပေးအပ်လှူဒါန်းပွဲအား တက်ရောက်သည်။

 


အခမ်းအနားသို့  ပြည်ထောင်စု ဝန်ကြီး     ဦးမောင်မောင်အုန်း၊ အလင်္ကာကျော်စွာ     စည်သူ တက္ကသိုလ် မြတ်သူနှင့်  စာပေ ပညာရှင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ အလှူရှင်နှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 


အခမဲ့ငှားရမ်းပေးမည်


ရှေးဦးစွာ     ပြည်ထောင်စု ဝန်ကြီး  ဦးမောင်မောင်အုန်းက ယနေ့လှူဒါန်းပေးသည့်     “ဘဝ ဇာတ်ခုံ ဖြစ်ရပ်စုံ” စာအုပ်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးများတွင် ဖွင့်လှစ်ထားသော ပြည်သူ့  စာကြည့်တိုက်များသို့ ပေးပို့ပြီး စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး  လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ မှတ်ပုံ တင်၍ ပြည်သူများ အလွယ်တကူ ဖတ်ရှုနိုင်စေရေး စင်တင်ပေးခြင်း နှင့် အခမဲ့ငှားရမ်းပေးခြင်းလုပ်ငန်း များကို ဆောင်ရွက်ပေးသွားမည် ဖြစ်သကဲ့သို့  ရွေ့လျားစာကြည့် တိုက် မော်တော်ယာဉ်ဖြင့် အခြေခံ ပညာကျောင်းများနှင့် ရပ်ကွက်/ ကျေးရွာများသို့    သွားရောက်၍ လည်း ငှားရမ်းပေးသွားမည်ဖြစ် ပါကြောင်း။

 


လူမျိုးတစ်မျိုး၏ အခြေအနေ၊ အဆင့်အတန်းကို    သိရှိလိုပါက ထိုလူမျိုးများ လေ့လာလိုက်စား သည့် စာပေ၊ အနုပညာ၊ ဂီတများ ကို ကြည့်လျှင် သိရှိနိုင်မည်ဖြစ် ပါကြောင်း၊ စာပေထွန်းကားမှသာ ကမ္ဘာတွင်  ယဉ်ကျေးသိမ်မွေ့ပြီး အသိအမြင်၊   ဗဟုသုတ   ပြည့်စုံ သည့် လူမျိုး၊ ယဉ်ကျေးသိမ်မွေ့ပြီး အသိအမြင်၊   ဗဟုသုတ    ပြည့်စုံ သည့်        လူ့ပတ်ဝန်းကျင်နှင့် ယဉ်ကျေးသိမ်မွေ့ပြီး အသိအမြင်၊ ဗဟုသုတပြည့်စုံသည့်     နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ် သည့် ပညာရှင်များ ပေါ်ထွက်လာ မည်ဖြစ်ကြောင်း၊     ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်သည့် လူမျိုး၊ ဖွံ့ဖြိုး တိုးတက်သည့် လူ့ပတ်ဝန်းကျင် နှင့်    ဖွံ့ဖြိုးတိုးတက်သည့်   နိုင်ငံ ဖြစ်လာစေရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာ စေရေးအတွက်      ပြည်သူတိုင်း စာဖတ်ကြပြီး     စာဖတ်ခြင်းဖြင့် မိမိဘဝ၊ မိသားစုဘဝ၊ မိမိပတ်ဝန်း ကျင်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်     တစ်ဖက် တစ်လမ်းမှ ပါဝင်ဆောင်ရွက်နိုင် ကြပါစေကြောင်း ပြောကြားသည်။

 


ထို့နောက် အလှူရှင် စာရေး ဆရာ    မြင်းခြံကျော်အောင်  (ခ) သန်းထက်စံက  လှူဒါန်းရသည့် ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 


ပေးအပ်လှူဒါန်း


ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းထံ မြင်းခြံကျော်အောင်(ခ)သန်းထက်စံ က ပြန်ကြားရေးနှင့် ပြည့်ဆက်ဆံ ရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့် တိုက်  ၄၁၀   အတွက်    စာအုပ် ၄၁၀  ကို     ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံ ရယူပြီး  ဂုဏ်ပြု မှတ်တမ်းလွှာ  ပြန်လည်ပေးအပ်သည်။

 


ထို့နောက် အလင်္ကာကျော်စွာ စည်သူ   တက္ကသိုလ်မြတ်သူ က လှူဒါန်းပွဲနှင့် ပတ်သက်၍ မုဒိတာ စကားပြောကြားသည်။
ယမန်နေ့      ညနေပိုင်းက ပြည်ထောင်စုဝန်ကြီး     ဦးမောင် မောင်အုန်းသည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ရိုက်ကူးထုတ်လွှင့် နေသည့်       “ပြည်ချစ်သားမွန် တေးသဝဏ်” တေးဂီတဖျော်ဖြေပွဲ ပွဲစဉ်(၃)၏    MRTV-HD    မှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့် နေမှုကို ကြည့်ရှုအားပေးသည်။

 


ပြည်ထောင်စု        ဝန်ကြီး ဦးမောင်မောင်အုန်းသည်  တေး ဂီတဖျော်ဖြေပွဲသို့ တက်‌ရောက် လာကြသော ရုပ်ရှင်၊ ဂီတ၊ သဘင် မှ     အနုပညာရှင်များ၊    သီဆို ဖျော်ဖြေကြသည့် တေးသံရှင်များ နှင့်     ကြည့်ရှုအားပေးကြသည့်   ဧည့်သည်တော်များကို ရင်းနှီးစွာ နှုတ်ဆက်သည်။

 


(၇၈)နှစ်မြောက် တပ်မတော် နေ့ကို         ကြိုဆိုဂုဏ်ပြုသော အားဖြင့်   ရိုက်ကူးထုတ်လွှင့်သည့် “ပြည်ချစ်သားမွန် တေးသဝဏ်” တေးဂီတဖျော်ဖြေပွဲ ပွဲစဉ်(၃)ကို ဇာတိမာန်သီချင်း    တီးလုံးဖြင့် ဖွင့်လှစ်ပြီး မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့၏     တီးခတ်မှုနှင့် အတူ  တေးသံရှင်  သန်းမြတ်စိုး၊ သီရိစံ၊ မေထူးကျော်၊ မြတ်ဆုချယ်၊ ကောင်းဆက်၊  သွန်း၊   စောထက် နေယံ၊ ထွန်းပပအောင်၊ အိအိလှိုင်၊ အင်ကြင်းနိုင်ဦး၊    ကောင်းဆက် နှင့်  သွန်းတို့က  ဇာနည်စစ်သည်၊ ဂုဏ်ယူနေကာချစ်နေမယ်၊ ကိုကို စစ်သား ကျွန်မချစ်သူ၊ စစ်သည် မောင့်အတွက်         ချစ်တေး လက်ဆောင်၊    သူရဲကောင်းတို့ နှလုံးသား၊    ရတုအဆက်ဆက် သစ္စာတည်၊ တောင်ပြာတန်းက ပန်းလက်ဆောင်၊ ကောင်းကင်ယံ က မြန်မာစစ်သည်၊ သီချင်းဆိုလို့ အလွမ်းဖြေမယ်၊ အကြိုတော်နှင့် ချစ်သော တပ်မတော် တေးသီချင်း တို့ဖြင့် MRTV-HD မှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

 


အစီအစဉ်များတိုးမြှင့်


အဆိုပါ   အစီအစဉ်နှင့်အတူ ပြည်သူများ      အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့်   စိတ်ခွန်အား သစ်များ  ရရှိနိုင်စေရန်  မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှဖျော်ဖြေ ရေး     အစီအစဉ်များကို     တိုးမြှင့် တင်ဆက်လျက်ရှိရာ    Friday Night Live Show အစီအစဉ်များ ကို    ဆန်းသစ်တင်ဆက်လျက်ရှိ သည့်အပြင် နိုင်ငံတော်၏ နေ့ကြီး ရက်ကြီးများတွင်လည်း     အခြေ  အနေ   အချိန်အခါနှင့်   ကိုက်ညီ သင့်လျော်သည့် ဂုဏ်ပြုအစီအစဉ် များကိုလည်း  တင်ဆက်လျက်ရှိ သည်။

 


(၇၈)နှစ်မြောက် တပ်မတော် နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့   ညနေပိုင်းတွင်   ရိုက်ကူး တင်ဆက်ခဲ့သော “ပြည်ချစ်သား မွန်    တေးသဝဏ်”    တေးဂီတ ဖျော်ဖြေပွဲ   ပွဲစဉ်(၃)၏  ဖျော်ဖြေ တင်ဆက်မှုကို မတ် ၁၀ ရက် ည ၉ နာရီတွင် MRTV-HD Channelမှ ထုတ်လွှင့်ပြသခဲ့ပြီး မတ် ၁၂ ရက် နံနက် ၁၀ နာရီခွဲတွင် ပြန်လည် ထုတ်လွှင့်      ပြသသွားမည်ဖြစ် ကြောင်း သိရသည်။    


 သတင်းစဉ်