ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း  နေပြည်တော်ကောင်စီနယ်မြေရှိ ပြန်ကြားရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဩဂုတ်  ၁၈


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး  ဦးရဲတင့်နှင့်  တာဝန်ရှိသူများနှင့်အတူ  ယနေ့တွင်  နေပြည်တော်ကောင်စီနယ်မြေရှိ ပြန်ကြားရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံအားပေးသည်။

 


နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်   နေပြည် တော်ကောင်စီနယ်မြေရှိ  လူထု အခြေပြုဗဟိုဌာန (ပျဉ်းမနား) သို့ ရောက်ရှိရာ  တာဝန်ရှိသူများက သင်တန်းများ ဖွင့်လှစ်ဆောင်ရွက် မှုနှင့်     အားကစားပြိုင်ပွဲများ ကျင်းပ   ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။    

 


ထို့နောက် လူထုအခြေပြုဗဟို ဌာန  (ပျဉ်းမနား) ၏    စာအုပ် စာစောင်      ချစ်မြတ်နိုးသူများ အသင်း(Book Club)ကဆောင်ရွက် နေသည့်  စာအုပ်ဖတ်ရှုလေ့လာ သုံးသပ်ဆွေးနွေးပွဲသို့ သွားရောက် ၍       ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လက်ရှိပကတိအခြေ အနေများနှင့် လိုက်ပါဆောင်ရွက် ရန် လိုအပ်သည့် အခြေအနေများ ကို   ဆွေးနွေးပြီး   လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

 


ယင်းနောက်    ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က   လူထု အခြေပြုဗဟိုဌာန( ပျဉ်းမနား) က ၂၀၂၂  ခုနှစ်အတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှု   အခြေအနေ များကို        ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ မှာကြားသည်။

 


ထို့နောက်   နေပြည်တော် ဇေယျာသီရိမြို့နယ်   ခရေပင် လမ်းခွဲရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန နေပြည်တော်ပုံနှိပ်စက်ရုံ သို့   ရောက်ရှိရာ   ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က   နေပြည်တော် ပုံနှိပ်စက်ရုံ   (ဇေယျာသီရိ)   ၏ စက်ရုံ   သမိုင်းအကျဉ်း၊    ဝန်ထမ်း အင်အားနှင့် လုပ်ငန်းဆောင်ရွက် နေမှုကို ရှင်းလင်းတင်ပြပြီး ဒုတိယ ဝန်ကြီး   ဦးရဲတင့်က   ဖြည့်စွက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက    လိုအပ်သည်များ မှာကြားသည်။

 


လှည့်လည်ကြည့်ရှု


ယင်းနောက် နေပြည်တော် ပုံနှိပ်စက်ရုံအတွင်း တပ်ဆင်ထား သည့်    ပုံနှိပ်စက်များ၊  စက္ကူနှင့် ဓာတုပစ္စည်းများ  သိုလှောင်ထား ရှိမှု၊ စက္ကူဖြတ်စက်၊ စာအုပ်ချုပ် စက်နှင့်   ကော်ကပ်စက်များကို လှည့်လည်ကြည့်ရှုသည်။

 


ဆက်လက်၍      သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊    နေပြည် တော်သတင်းစာတိုက်ရှိ ဘိုးဝဇီရ ခန်းမ၌  ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနနှင့်  သတင်းနှင့်စာနယ် ဇင်းလုပ်ငန်းတို့မှ အရာထမ်းများ အား တွေ့ဆုံသည်။

 


တွေ့ဆုံပွဲတွင်    သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း   ဦးဆောင် ညွှန်ကြားရေးမှူးက    လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား   အမှာစကား ပြောကြားကာ    နေ့စဉ်ထုတ် သတင်းစာများ    ရိုက်နှိပ်သည့် ပတ်လည်ပုံနှိပ်စက်ကို   ကြည့်ရှု စစ်ဆေးသည်။

 


ယင်းနောက်   တပ်ကုန်းမြို့ နယ်   ပြန်ကြားရေးနှင့်  ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန       ရုံးသို့  ရောက်ရှိပြီး ကလေးစာဖတ်ခန်း ၌   ကျောင်းသား  ကျောင်းသူများ ဆေးရောင်ရေးခြယ်နေမှုကို ကြည့် ရှုအားပေးကာ လက်ဆောင်ပစ္စည်း များ   ပေးအပ်၍   စာကြည့်တိုက် အတွင်း၌ ပြည်သူများ လာရောက် စာပေဖတ်ရှုနေမှု၊ စာကြည့်တိုက် အတွင်း စာအုပ်များ စနစ်တကျ ထားရှိမှု၊  ပြတိုက်ငယ်အတွင်း၌ ရှေးရိုးရာအသုံးအဆောင်ပစ္စည်းများ  ပြသထားရှိမှု  အခြေအနေ တို့ကို    လှည့်လည်ကြည့်ရှုပြီး ဝန်ထမ်းများအား   ချီးမြှင့်ငွေများ ပေးအပ်သည်။

 


မွန်းလွဲပိုင်းတွင်  ပြည်ထောင်စု ဝန်ကြီးသည်    မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ  Conference Room   ၌  အရာထမ်းများနှင့် တွေ့ဆုံသည်။

 


တွေ့ဆုံစဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ်က ဖျော်ဖြေရေး၊ ပညာပေး ရေးနှင့်      သတင်းအစီအစဉ်များ တင်ဆက်နေမှုများနှင့်  ဆက်လက် ဆောင်ရွက်မည့်    လုပ်ငန်းအစီ အစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေး နွေးပြီး  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

 


ချီးမြှင့်ငွေများ ပေးအပ်


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးသည်   ထုတ်လုပ်ရေးမှူး များ၏     အခြေခံကျွမ်းကျင်မှု သင်တန်းပို့ချနေမှုကို ကြည်ရှုပြီး သင်တန်းသား  သင်တန်းသူများ အား ရင်းရင်းနှီးနှီး  အားပေးစကား ပြောကြားကာ     ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက်   Auditorium ခန်းမ၌ သတင်းဖတ်ကြားသူ၊ အစီ အစဉ်တင်ဆက်သူနှင့်    အခမ်း အနားမှူးသင်တန်းများ ဖွင့်လှစ်၍ လျာထားရွေးချယ်ထားရှိသူများ အား တွေ့ဆုံအားပေးပြီး လိုအပ် သည်များကို မှာကြားသည်။

 


ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်    Aircon Chiller        တည်ဆောက်ရေး လုပ်ငန်းခွင်နှင့်    ဧည့်သည်များ တည်းခိုနေထိုင်မည့် ရွှေတောင် ကုန်း ဧည့်ရိပ်သာ  ပြင်ဆင်ထားရှိ မှုကို  သွားရောက်ကြည့်ရှုသည်။

 


ဆွေးနွေးမှာကြား


ပြည်ထောင်စုဝန်ကြီး   က ဝန်ထမ်းများနှင့်     တွေ့ဆုံစဉ် ဆွေးနွေးမှာကြားရာ၌  ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနအနေဖြင့် လူထုအခြေပြုဗဟို ဌာန လုပ်ငန်းများကို  ယခုထက် သွက်လက်ထက်မြက်စွာ  ဆောင် ရွက်ရန်လိုကြောင်း၊    စာကြည့် တိုက်များတွင် စာအုပ်၊ စာစောင် ငှားရမ်းပေးရုံလောက်ဖြင့် ကျေနပ် မနေဘဲ ပြည်သူများ အသိပညာ မြင့်မားစေရေးအတွက် နည်းလမ်း များစွာ    ရှာဖွေလုပ်ဆောင်ရန် လိုကြောင်း၊ လူထုအခြေပြုဗဟို ဌာနများတွင် ပြည်သူများ အကျွမ်း တဝင်  ဝင်ထွက်သွားလာနိုင်ရေး အတွက် ဖျော်ဖြေရေးအစီအစဉ် များကို စီစဉ်ပေးသင့်ကြောင်း။

 


ပုံနှိပ်ရေးနှင့်   ထုတ်ဝေရေး ဦးစီးဌာနက    ထုတ်ဝေသည့် စာအုပ်စာစောင်များသည် အရည် အသွေးကောင်းမွန်ရန်၊  ဈေးနှုန်း သက်သာရန်၊   အချိန်မီပြီးစီးရန် လိုအပ်ကြောင်း၊   အလေအလွင့် မရှိစေရန်၊ ဝင်ငွေပိုမိုတိုးတက်ရရှိ စေရန်၊ နိုင်ငံတော်နှင့် ဌာနအတွက် အကျိုးရှိစေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း။

 


တိုးတက်ကောင်းမွန်


နေ့စဉ်ထုတ်သတင်းစာများ ၏  အသွင်သဏ္ဌာန်နှင့် အနှစ်သာရ ပိုင်း    တိုးတက်ကောင်းမွန်လာ သည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ တော်အစိုးရက     ချမှတ်သည့် မူဝါဒများကို ရေးသားဖော်ပြရာ တွင် ပြည်သူများ   စိတ်ဝင်စားမှု ရှိလာစေရန်၊     ဖတ်ရှုချင်စိတ် ဖြစ်ပေါ်လာစေရန်  စာသားအသုံး အနှုန်းများနှင့်     တင်ပြပုံများ လေ့လာပြောင်းလဲရန်နှင့်  ပြည်သူ များအား  မှန်ကန်သည့်  သတင်း အချက်အလက်      ပေးနိုင်ရန် လိုအပ်ကြောင်း။

 


မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၏  အခန်းကဏ္ဍသည် အရေးကြီး သည့်    အခန်းကဏ္ဍတွင်  ပါဝင်ပါ ကြောင်း၊  နိုင်ငံပိုင်မီဒီယာဖြစ်၍ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရ မည်ဖြစ်ကြောင်း၊  လက်ရှိအခြေ အနေထက် ပိုမိုကောင်းမွန်အောင် ဆက်လက်ကြိုးစား အားထုတ် သွားကြစေလိုကြောင်း ပြောကြား ခဲ့သည်။ 


သတင်းစဉ်