ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ 

 

နေပြည်တော်   မတ်   ၁၇


ပြန်ကြားရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဦးမောင် မောင်အုန်းနှင့်       မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန    ဝန်ထမ်း များ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်း တွင်   ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့     ဌာနဆိုင်ရာ အကြီးအကဲများ၊  မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်း များ တက်ရောက်ကြသည်။

 


ဆက်လက်ထမ်းဆောင်


တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီး      ဦးမောင်မောင်အုန်းက ယနေ့သည်        ဦးစီးဌာနအသစ်မှ ဝန်ထမ်းများ လူစုံတက်စုံ တာဝန် ထမ်းဆောင်သည့်             နေ့ဖြစ်၍ မင်္ဂလာရှိသော      နေ့တစ်နေ့ဖြစ်ပါ ကြောင်း၊ ဌာနအသစ်မှ  ဝန်ထမ်း အသစ်များအနေဖြင့်     အရေးပါ သည့်   တာဝန်ကို  ထမ်းဆောင် သွားကြရမည်   ဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန  အောက် ရှိ ဦးစီးဌာန၊   လုပ်ငန်းတို့မှ အရည် အချင်းရှိသော  ဝန်ထမ်းများကို ထုတ်နုတ်၍  စုစည်း၊ ဖွဲ့စည်းထား ခြင်းဖြစ်ရာ   ပေါင်းစည်း၊ ဆက်စပ် ပြီး ပေးအပ်သည့်   တာဝန်များကို ကျေပွန်အောင်  ဆက်လက်ထမ်း ဆောင်သွားရမည်   ဖြစ်ပါကြောင်း၊ ယခုစတင်စုစည်း၊ ဖွဲ့စည်းချိန်တွင်  ဌာနဖွဲ့စည်းပုံအတိုင်း    ပြည့်ပြည့် ဝဝ  အင်အားဖြည့်တင်းနိုင်ခြင်း    မရှိသေးဘဲ  ကျစ်ကျစ်လျစ်လျစ်ဖြင့်   ဦးစွာ ဖွဲ့စည်းပေးထားခြင်းဖြစ်ပါကြောင်း။

 


 ဌာနခွဲသုံးခုဖွဲ့စည်း


ဦးစီးဌာနအနေဖြင့်   မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊ ပြည်တွင်း ပြည်ပ         အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းရေးဌာနခွဲ၊  စီမံ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဌာနခွဲ ဟူသည့်  ဌာနခွဲသုံးခု ဖွဲ့စည်းပြီး လုပ်ငန်းများ    ဆောင်ရွက်သွား မည်ဟု သိရပါကြောင်း။

 


 မီဒီယာ  ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက   ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များမှာ   မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီက သတင်းမီဒီယာ   သမားများအား ကျင့်ဝတ်နှင့်အညီ     ဖြစ်စေရန် လုပ်ဆောင်   ပေးနေမှုများအား ထောက်ပံ့ကူညီပေးခြင်း၊ မြန်မာ့ မီဒီယာလောက    ဖွံ့ဖြိုးတိုးတက် စေရေးအတွက်     ဆောင်ရွက်နိုင် မည့် လုပ်ငန်းစဉ်များကို   ရေးဆွဲ ချမှတ်ရန်နှင့်       သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်   ပူးပေါင်း အကောင်အထည်ဖော်   ဆောင် ရွက်ခြင်း၊ မြန်မာ့မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင် ရင်း   နိုင်ငံသားများ၏   သတင်း သိပိုင်ခွင့်   ပိုမိုရရှိနိုင်ရေး  လုပ် ဆောင်ပေးခြင်း၊     နိုင်ငံတကာ သတင်းမီဒီယာ         အဖွဲ့အစည်းများ ဂုဏ်သိက္ခာရှိစွာဖြင့်     နိုင်ငံနှင့် ပြည်သူကို  ကိုယ်စားပြု၍ ပါဝင် နိုင်ရေး      ဆောင်ရွက်ပေးခြင်း၊ ပုဂ္ဂလိကမီဒီယာများ      ရှင်သန် ရပ်တည်ရေးနှင့်  ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက်      တည်ဆဲဥပဒေ များနှင့်အညီ   သက်ဆိုင်ရာ   အဖွဲ့ အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းတို့   ဖြစ်ပါ ကြောင်း ပြောကြားပြီး တွေ့ဆုံပွဲ ကို ရုပ်သိမ်းလိုက်သည်။ 


သတင်းစဉ်