ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အား မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ

နေပြည်တော်    ဇွန်    ၇
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အား မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov က ယနေ့နံနက်ပိုင်းတွင်   နေပြည်တော်ရှိ  ပြန်ကြားရေး ဝန်ကြီးဌာန  ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက် နိုင်မှုအခြေအနေ၊  Global New Light of Myanmar သတင်းစာနှင့် ရုရှားနိုင်ငံ Sputnik Information Agency တို့  ပူးပေါင်းဆောင်ရွက်နေမှု၊  ရုရှား - မြန်မာ နှစ်နိုင်ငံ ရုပ်မြင်သံကြားကဏ္ဍ   MoU  လက်မှတ်  ရေးထိုးနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံမီဒီယာ အဖွဲ့များ   အပြန်အလှန်ဖိတ်ကြားပြီး   သွားလာ လည်ပတ်နိုင်မှု၊ နှစ်နိုင်ငံခရီးသွားကဏ္ဍ ပိုမိုမြှင့်တင်  နိုင်ရေးနှင့် အခြားကဏ္ဍစုံ  ပူးပေါင်းဆောင်ရွက်နိုင် ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ  အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။  
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန်  ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာ အကြီး အကဲများနှင့်      ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံအရာရှိတို့ တက်ရောက်ခဲ့ကြသည်။  
သတင်းစဉ်