
နေပြည်တော် ဩဂုတ် ၂၄
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၁) စီမံကိန်းအရ “မြန်မာနိုင်ငံရှိ အသေးစား ချေးငွေလုပ်ငန်းများ တွင် ငွေစုဆောင်းသည့် အလေ့ အကျင့်များဖြစ်ပေါ်ရေး အလုပ်ရုံ ဆွေးနွေးပွဲ”ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ် ၌ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ) မှ တာဝန်ရှိသူ များ၊ ဗဟိုသမဝါယမအသင်း ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမ အသင်းစုချုပ်များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် မဲခေါင်နိုင်ငံ ၅ နိုင်ငံဖြစ် သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး မဲခေါင် ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်တစ်ခု ဖြစ်ကြောင်း။
ယခု မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံ ငွေ(၂၀၂၁)စီမံကိန်းကို ၂၀၂၂ခုနှစ် ဧပြီလမှ ယခုနှစ် စက်တင်ဘာလ အထိ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်း လုပ်ငန်းတစ်ခုဖြစ်သည့် အသေးစား ချေးငွေလုပ်ငန်းများတွင် ငွေ စုဆောင်းသည့် အလေ့အကျင့်၏ အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ ကို ကျင်းပရခြင်းဖြစ်ကြောင်း။
ဆွေးနွေးပွဲတွင် သမဝါယမ အသေးစားချေးငွေ လုပ်ငန်းနှင့် ပတ်သက်ပြီး ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ နိုင်ငံတကာ၌ ကျင့်သုံးလျက်ရှိသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ သမဝါယမ အသင်းများ၏ အသေးစားချေးငွေ လုပ်ငန်း ဆောင်ရွက်နေမှုများ၊ မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် အသေးစားချေးငွေ လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲ၊ အားနည်းချက်၊ အားသာချက်များ၊ သမဝါယမအသင်းများ ပိုမို ကောင်းမွန်စွာ ရပ်တည်ဆောင် ရွက်သွားနိုင်မည့် နည်းလမ်းများ ကို နှီးနှောဖလှယ်ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)ဒုတိယဥက္ကဋ္ဌတို့က လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် တက်ရောက်လာသူ များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ဒုတိယပိုင်း အစီအစဉ်အဖြစ် CBC Myanmar Microfinance မှ Managing Director နှင့် Chief Operating Officer ၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ မန္တလေး တိုင်းဒေသကြီး သမဝါယမအသင်း စုချုပ်ဥက္ကဋ္ဌနှင့် တက်ရောက်လာ ကြသူများက မေးခွန်းများ မေးမြန်း ဆွေးနွေးခြင်းများကို ဆောင်ရွက် ကြပြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သုံးသပ် အမှာစကားပြောကြားသည်။
သတင်းစဉ်