ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ (၄၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်

 

နေပြည်တော်   မတ်   ၃၁


အသေးစား     စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏  (၄၇) နှစ်မြောက်  နှစ်ပတ်လည်နေ့အခမ်းအနားကို  ယနေ့ နံနက်ပိုင်းတွင်   နေပြည်တော်ရှိ     သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌  ကျင်းပရာ  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး    ဦးလှမိုး၊    ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊  ညွှန်ကြားရေးမှူး ချုပ်များ၊   တာဝန်ရှိသူများနှင့်   တိုင်းဒေသကြီးနှင့်  ပြည်နယ်များမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က  နိုင်ငံ့စီးပွားတိုးတက်ရေးအတွက်   အရေးကြီး သော အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး MSME   လုပ်ငန်းများ  အောင်မြင်ရန်   အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးကြပ်ဆောင် ရွက်လျက်ရှိသည့် အသေးစားစက်မှုလက်မှုလုပ်ငန်း များသည် အရေးကြီးပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်  စွမ်းဆောင်ရည်ဆု၊  ခရိုင်အဆင့် စွမ်းဆောင်ရည်ဆု၊ ရက်ကန်းကျောင်းများအဆင့် စွမ်းဆောင်ရည်ဆု    စသည့်စွမ်းဆောင်ရည်ဆု ခြောက်မျိုးကို   ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး စွမ်းဆောင်ရည် ဂုဏ်ပြုမှတ်တမ်းလွှာ နှစ်ခုကိုလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ဆုများကို ထိုက်ထိုက် တန်တန်ရရှိခဲ့ကြသည့် တိုင်းဒေသကြီးနှင့်  ပြည်နယ်၊ ခရိုင်၊    ရက်ကန်းကျောင်းများနှင့်   အရာထမ်း၊ အမှုထမ်းများကို ဝန်ကြီးဌာနကိုယ်စား အထူးပင်ဂုဏ် ယူကြောင်း၊ ယခုလို ထူးချွန်ဆုများ ချီးမြှင့်ခြင်းသည် ဌာနအနေဖြင့်   လုပ်ငန်းစွမ်းဆောင်ရည်များ  ပိုမို ထက်မြက်လာရန် အထောက်အပံ့ဖြစ်သည့်အတွက် နှစ်စဉ်ဆောင်ရွက်ပေးရန်   ပြောကြားလိုကြောင်း၊ ဝန်ထမ်းများအားလုံးကလည်း  ဆုရရှိသည်ဖြစ်စေ၊ မရသည်ဖြစ်စေ       ဝန်ထမ်းကောင်းတစ်ယောက် ပီသစွာနေထိုင်ကြရန်နှင့်   နိုင်ငံနှင့်   လူမျိုးအပေါ်၊  မိမိတို့ဌာနအပေါ်     သစ္စာရှိရှိ    တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားသည်။

 


ဆက်လက်ပြီး  တိုင်းဒေသကြီးနှင့်  ပြည်နယ် အဆင့်၊ စွမ်းဆောင်ရည် အကောင်းဆုံးဆု ရရှိသော ရှမ်းပြည်နယ်နှင့် ခေါင်းဆောင်မှု ထူးချွန်ဆုရရှိသော ရခိုင်ပြည်နယ်၊ အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများကို ပြည်ထောင်စု ဝန်ကြီး   ဦးလှမိုးကလည်းကောင်း၊   (ရက်ကန်း ကျောင်းများ အဆင့်) စွမ်းဆောင်ရည်အကောင်းဆုံးဆုရရှိသော    စစ်တွေရက်ကန်းနှင့့်    အသက်မွေး ပညာသင်တန်းကျောင်းနှင့်        (ခရိုင်ရုံးများအဆင့်) စွမ်းဆောင်ရည်အကောင်းဆုံးဆုရရှိသော  မင်းဘူး ခရိုင်   အသေးစား    စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တို့ကို    ဒုတိယဝန်ကြီး  ဦးမြင့်စိုးကလည်းကောင်း၊ အမှုထမ်းအဆင့် ဝန်ထမ်းထူးချွန်ဆုရရှိသူ တစ်ဦးနှင့် အရာထမ်းအဆင့်  ဝန်ထမ်းထူးချွန်ဆုရရှိသူ တစ်ဦး တို့ကို   အမြဲတမ်းအတွင်းဝန်   ဦးခန့်ဇော်ကလည်း ကောင်း၊ ဂုဏ်ပြုဆုရရှိသော  ကုမ္ပဏီနှင့်   ဂုဏ်ပြု မှတ်တမ်းလွှာ ရရှိသော MCRD Micro Mart တွင် ရောင်းအားအကောင်းဆုံးနှင့် အမြတ်ငွေအများဆုံး ပေးသွင်းနိုင်ခဲ့သည့် စီမံကိန်းဌာနခွဲတို့ကို ညွှန်ကြား ရေးမှူးချုပ်  ဦးသိန်းတိုးကလည်းကောင်း  ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင် များနှင့်အတူ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး ၌ ဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ  နေ့လယ်စာကို အတူတကွသုံးဆောင်ကာ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး ဝန်ထမ်းများ၏   လိုအပ်ချက်များ  တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်