ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ (ပထမအကြိမ်) စွမ်းအင်ဖိုရမ် တက်ရောက်

 

နေပြည်တော်    အောက်တိုဘာ   ၄


စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို လွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ကာဇက် စတန်နိုင်ငံ Astana မြို့၌ အောက်တိုဘာ ၃ ရက်မှ ၆ ရက်အထိ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့   (ပထမအကြိမ်)    စွမ်းအင်ဖိုရမ် (First Energy forum of the Shanghai Coope-ration Organization) သို့ တက်ရောက်ခဲ့သည်။


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်တို ဘာ ၃ ရက်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့  (ပထမအကြိမ်) စွမ်းအင်ဖိုရမ်၏ အကြိုဆွေးနွေးပွဲများသို့လည်းကောင်း၊ အောက်တိုဘာ ၄ ရက်တွင်  Kazakhstan   Energy  Week  2023   KazEnergy Eurasian Forum နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် မှုအဖွဲ့ (ပထမအကြိမ်) စွမ်းအင်ဖိုရမ် (First Energy forum  of  the Shanghai  Cooperation Organi-zation)   တို့သို့လည်းကောင်း   ရှန်ဟိုင်း   ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဝန်ကြီးများ နှင့်အတူ တက်ရောက်ခဲ့ကြသည်။


အဆိုပါဖိုရမ်တွင်       ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံတွင် စွမ်းအင် အရင်းအမြစ်များစွာရှိကြောင်း၊      သို့သော်လည်း ထုတ်လုပ်နိုင်မှုတွင်     အကန့်အသတ်များ      ရှိနေ ကြောင်း၊ သို့ဖြစ်၍ "SCO" နှင့် ပူးပေါင်းဆောင်ရွက် လိုကြောင်း၊    မြန်မာနိုင်ငံတွင်     ရေအရင်းအမြစ် ပေါကြွယ်ဝသောကြောင့် လျှပ်စစ်ဓာတ်အားအများစု ကို ရေအားလျှပ်စစ်မှ ထုတ်လုပ်ပါကြောင်း၊ ထို့ပြင်  သဘာဝဓာတ်ငွေ့မှလည်း      လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိကြောင်း၊   သို့သော်လည်း  ရရှိနိုင် သော သဘာဝဓာတ်ငွေ့ပမာဏမှာ အကန့်အသတ် ရှိပါကြောင်း၊ ထို့ကြောင့် စွမ်းအင်အတွက် ကျောက် မီးသွေးနှင့် အခြားစွမ်းအင်အရင်းအမြစ်များ အသုံး ပြု၍  သဘာဝပတ်ဝန်းကျင်ကို  ထိခိုက်မှုအနည်းဆုံး ဖြစ်အောင်     ကြိုးစားနေပါကြောင်း၊     သို့ရာတွင် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များရှိနေ သည့်အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် နည်းလမ်း များ ရှာဖွေလျက်ရှိကြောင်း။


မြန်မာနိုင်ငံ စွမ်းအင်မူဝါဒ၏ အဓိကရည်ရွယ် ချက်မှာ နိုင်ငံအတွင်း ရေရှည်တည်တံ့သော စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအင်လုံခြုံရေးကို  သေချာစေရန်ဖြစ်ကြောင်း၊     လက်ရှိစွမ်းအင်ကဏ္ဍ အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း များ၊ ကျောက်မီးသွေးနှင့် ရေအားလျှပ်စစ်စီမံကိန်း များ၊ အပူစွမ်းအင် (Geothermal) ဆိုင်ရာ စီမံကိန်း များ၊  ဆိုလာ (Solar) စီမံကိန်းများ  ရှိပါကြောင်း၊ ရုပ်ကြွင်းလောင်စာဖြစ်သော    ရေနံနှင့်     သဘာဝ ဓာတ်ငွေ့ တိုး၍ထုတ်လုပ်နိုင်ရေးကိုလည်း ဆောင် ရွက်လျက်ရှိပါကြောင်း၊   မြန်မာနိုင်ငံ၏  စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ရင်းနှီးသော မိတ်ဖက်နိုင်ငံများမှ   ရင်းနှီးမြှုပ်နှံမှုများ  လိုအပ်ပါ ကြောင်း၊   မြန်မာနိုင်ငံသည်  စွမ်းအင်လိုအပ်သော နိုင်ငံဖြစ်သောကြောင့် စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံ မှုများကို ကြိုဆိုပါကြောင်း။


ယနေ့အချိန်တွင် စွမ်းအင်ကဏ္ဍအတွက် စိန်ခေါ် မှုများစွာ ကြုံတွေ့နေရပြီး စည်းမျဉ်းဥပဒေဆိုင်ရာ စိန်ခေါ်မှုများ၊ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ဖိအားများ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို  "SCO" သည် ၎င်း၏အဖွဲ့ဝင်များ၊ လေ့လာသူများနှင့် ဒိုင်ယာလော့ခ်   လုပ်ဖော်ကိုင်ဖက်များ၏   ခွန်အား များကို ပေါင်းစည်းခြင်းဖြင့် အဆိုပါစိန်ခေါ်မှုများကို အောင်မြင်စွာ    ကျော်လွှားနိုင်မည်ဟု   မြန်မာနိုင်ငံ အနေဖြင့် အခိုင်အမာယုံကြည်ပါကြောင်း၊ ကာဗွန်ဒိုင် အောက်ဆိုဒ် လျှော့ချရေးနှင့် စိမ်းလန်းသော ပတ်ဝန်း ကျင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက် နေသည့်   နိုင်ငံများအနေဖြင့်  မတူကွဲပြားမှုများနှင့်  ကွဲပြားသည့်   အခြေအနေများပေါ်တွင်  မူတည်၍ စွမ်းအင်အသွင်ကူးပြောင်းမှုများကို ဆောင်ရွက်နေ ခြင်း အပေါ်တွင် မျှတစွာရှုမြင်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံသည် SCO အဖွဲ့ဝင်များနှင့် ချစ်ကြည် ရင်းနှီးသော ဆက်ဆံရေးထူထောင်ပြီး အဖွဲ့ဝင်နိုင်ငံ များ၏   အကျိုးစီးပွားကို    အထူးဂရုပြုမည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့သည်။


ထို့ပြင်    ပြည်ထောင်စုဝန်ကြီးနှင့်    အဖွဲ့သည် ခရီးစဉ်အတွင်း ကာဇက်စတန်သမ္မတနိုင်ငံ ကျောက် မီးသွေး  ထွက်ရှိရာ‌ဒေသဖြစ်သော  Karaganda ၏ Deputy  Governor  Mr. Vadim Borisovich  နှင့် လည်းကောင်း၊ ဓာတ်မြေသြဇာ အများဆုံးထုတ်လုပ် နေသော   KazPhosphate  ကုမ္ပဏီမှ   Deputy Director General Mr. Gani Toksanbaev နှင့်လည်း ကောင်း၊ KazMunayGas ကုမ္ပဏီမှ Strategy and Investment  Director  ဦးဆောင်သောအဖွဲ့နှင့် လည်းကောင်း  စွမ်းအင်ဆိုင်ရာကိစ္စရပ်များ  ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။


ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့   (SCO)  သည် ၂၀၀၁ ခုနှစ်တွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ  ဦးဆောင်တည်ထောင်ခဲ့သော ယူရေးရှားဒေသ၏ နိုင်ငံရေး၊    စီးပွားရေး၊    နိုင်ငံတကာလုံခြုံရေးနှင့် ကာကွယ်ရေး အဖွဲ့အစည်းဖြစ်ပြီး ပထဝီဝင်ဆိုင်ရာ နယ်နိမိတ်နှင့် လူဦးရေအရ ကမ္ဘာ့အကြီးဆုံး ဒေသ ဆိုင်ရာ    အဖွဲ့အစည်းတစ်ခုအဖြစ်      ဧရိယာ၏ ၈၀ ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံထားသော အဖွဲ့အစည်း တစ်ရပ်ဖြစ်သည့် SCO သည် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်ရှိပြီး ၂၀၁၂ ခုနှစ်စာရင်းအရ ၎င်း၏ စုစုပေါင်း GDP သည်  ကမ္ဘာ့ GDP ၏ ၂၀ ရာခိုင်နှုန်းခန့် ရှိ၍ အမြဲတမ်းအဖွဲ့ဝင် ကိုးနိုင်ငံ၊ လေ့လာသူအဆင့် သုံးနိုင်ငံနှင့် ဆွေးနွေးဖက်နိုင်ငံ ၁၄ နိုင်ငံပါဝင်ကာ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ဆွေးနွေးဖက် နိုင်ငံအဖြစ်   ပူးပေါင်းပါဝင်ခဲ့ကြောင်း   သတင်းရရှိ သည်။                       

သတင်းစဉ်