ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) ကြည့်ရှုစစ်ဆေး

 

နေပြည်တော် အောက်တိုဘာ ၁၇


စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန် တိုင်းဒေသကြီး သန်လျင်မြို့နယ် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်)ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 


ရှေးဦးစွာ            ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို စက်ရုံဧည့်ရိပ်သာ၌ စက်ရုံမှူးက စက်ရုံဝင်းအတွင်းရှိ စက်သုံးဆီသိုလှောင်ကန်များ၊      စက်သုံးဆီ     တင်ချ ဆိပ်ခံတံတား၊ ရေနံဓာတ်ငွေ့ရည် သိုလှောင်ကန်များ၊ စက်ဆီရောစပ်စည်သွတ်စက်ရုံကို     ပြုပြင်မွမ်းမံ ထိန်းသိမ်းမှု၊  စက်ရုံဓာတ်ခွဲခန်းတွင်  စက်သုံးဆီနှင့် စက်ဆီ/ချောဆီများ  အရည်အသွေးစမ်းသပ်နေမှုနှင့် စက်ဆီရောစပ်စည်သွတ်စက်ရုံလည်ပတ်ထုတ်လုပ် နေမှုအခြေအနေတို့ကို            ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက        နိုင်ငံတော်အနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးတက်စေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းထားခဲ့ရသည့်         စက်ရုံများ        ပြန်လည် လည်ပတ်နိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ စက်ရုံများ ရပ်ဆိုင်းထားခြင်းဖြင့် စက်ပစ္စည်းကိရိယာ များသည် ပို၍ပျက်စီးယိုယွင်းမှုများ  ဖြစ်ပေါ်လျက်ရှိ ကြောင်း၊    ရေနံချက်စက်ရုံကဲ့သို့သော   Chemical Plant များအား ရပ်ဆိုင်းထားခြင်းကြောင့် စက်ရုံတွင် အသုံးပြုထားသည့်  ပိုက်လိုင်းများမှာ  လျင်မြန်စွာ ဆွေးမြည့်ပျက်စီးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့အနေဖြင့်       ရပ်ဆိုင်းထားသည့်    စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး   ကြိုးစားကြရမည်ဖြစ်ပြီး   စီးပွားရေးအရ တွက်ခြေကိုက်ရန်အတွက် စဉ်းစားရာ တွင် လေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန်နှင့် တန်ဖိုးမြင့် ထုတ်ကုန်များ      ထုတ်လုပ်နိုင်ရန်        နည်းလမ်းများ ရှာဖွေဖြေရှင်းသွားကြရမည်ဖြစ်ကြောင်း၊             ယနေ့ ကာလ    နိုင်ငံတကာရှိ    ရေနံချက်စက်ရုံများသည် ကုန်ကြမ်းပမာဏ၏   ၉၀    ရာခိုင်နှုန်းကျော်အထိ ကုန်ချောထုတ်လုပ်လျက်ရှိပါကြောင်း။  


လက်ရှိ  နိုင်ငံပိုင်ရေနံချက်စက်ရုံများ၏ ရေနံ ထွက်ပစ္စည်းများ ထုတ်လုပ်မှုသည် ပြည်တွင်း သုံးစွဲမှု ၏   ၃   ရာခိုင်နှုန်းခန့်သာ   ထုတ်လုပ်ပေးနိုင်သည့် အတွက်  ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို ဖူလုံစေရန် ပြည်ပမှ       တင်သွင်းဖြန့်ဖြူးပေးနေရပါကြောင်း၊ ပြည်တွင်းစွမ်းအင်သုံးစွဲမှုကို          ဖြည့်ဆည်းနိုင်ရေး အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို  ကြိုးစား ရှာဖွေတူးဖော်ထုတ်လုပ်ကြရန်လိုသကဲ့သို့ ထုတ်လုပ် ရရှိသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့များကို စီးပွားရေး အရ တွက်ခြေကိုက်စေရန်နှင့် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ကြစေရန်          စနစ်တကျချက်လုပ်ပြီး တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်သွားရမည်ဖြစ်ပါ ကြောင်း၊ ထုတ်လုပ်ရရှိသည့် ရေနံစိမ်းများ ချက်လုပ် နိုင်ရေးအတွက်        ရေနံချက်စက်ရုံအသစ်များ တည်ဆောက်သွားရန်လိုအပ်သလို လက်ရှိရေနံချက် စက်ရုံများကိုလည်း    အဆင့်မြှင့်တင်မွမ်းမံပြင်ဆင် ခြင်းများ           ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ရေနံချက်စက်ရုံအသစ် တည်ဆောက်ရာတွင်လည်း ရေနံထွက်ပစ္စည်းအမျိုးမျိုး          ချက်လုပ်နိုင်သည့် Petrochemical    Complex    အဆင့်အထိ တည်ဆောက်နိုင်ရန်         မျှော်မှန်းထားရမည်ဖြစ်ပါ ကြောင်း၊  လိုအပ်သည့် နည်းပညာနှင့် အရင်းအနှီး များရရှိနိုင်ရေးအတွက်ကိုလည်း           နိုင်ငံတကာ ကုမ္ပဏီများအား ဖိတ်ခေါ်ကာ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ စက်ရုံဝန်ထမ်းများအနေဖြင့် ရေနံချက်လုပ်ခြင်းနှင့်       ဓာတ်မြေဩဇာထုတ်လုပ် ခြင်းများ၏ လုပ်ငန်းစဉ် Process များကို ကျွမ်းကျင် ပိုင်နိုင်သည်အထိ သေချာစွာလေ့လာသင်ယူကြရန် လိုအပ်သလို  နောင်အနာဂတ်မျိုးဆက်သစ်များသို့ လည်း        လက်ဆင့်ကမ်းပညာအမွေပေးနိုင်ရေး ကြိုးပမ်းကြရန်တိုက်တွန်းလိုပါကြောင်း၊ နည်းပညာ တိုးတက်စေရန် သုတေသနနှင့်      ဖွံ့ဖြိုးရေးလုပ်ငန်း များ (Research & Development – R&D)ကို ကျယ်ကျယ်ပြန့်ပြန့်      ဆောင်ရွက်သွားကြရန်ု မှာကြားသည်။


ထို့နောက်   ပြည်ထောင်စုဝန်ကြီးသည်  စက်ရုံ သင်တန်းကျောင်း၌   စက်ရုံဝန်ထမ်းများ၊  ဝန်ထမ်း မိသားစုများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများ၏ စားဝတ်နေရေးနှင့် သက်သာချောင်ချိ ရေးကိစ္စများကို  တာဝန်ရှိသူအဆင့်ဆင့်က  အစီအမံ များ     ချမှတ်ပြီး    ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း၊  ဝန်ထမ်းများအနေဖြင့်လည်း  စက်ရုံဝင်း အတွင်း သန့်ရှင်းသာယာလှပရေး ဝိုင်းဝန်းကြိုးပမ်း ကြစေလိုကြောင်း၊   စက်ရုံဝင်းနှင့်   ဝန်ထမ်းအိမ်ရာ များ၏ လုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို    အထူးဂရုပြု     ဆောင်ရွက်ရန်လိုကြောင်း မှာကြားပြီး ပညာရေး၊ ကျန်းမာရေးနှင့် သက်သာ ချောင်ချိရေး     ကိစ္စရပ်များကို    ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။      

သတင်းစဉ်