
နေပြည်တော် စက်တင်ဘာ ၂၉
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီဘူးလော့ချ်နိကော့ (ဦးလွင်) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည် ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၂)၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ရုရှားနှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့တူးဖော်ခြင်းအပါအဝင် စွမ်းအင်ထုတ်လုပ် ရေးကဏ္ဍများ၊ ရွှေနှင့် သတ္တုတူးဖော်ရေးကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် မြန်မာနိုင်ငံတွင် မြန်မာ-ရုရှား စီးပွားရေးဆိုင်ရာဖိုရမ် ကျင်းပနိုင်ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်