ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကူဝိတ်နိုင်ငံ၏ (၆၃)နှစ်မြောက် အမျိုးသားနေ့နှင့် (၃၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားတက်ရောက်

 

ရန်ကုန်   ဖေဖော်ဝါရီ   ၂၂


ကူဝိတ်နိုင်ငံ၏  (၆၃) နှစ်မြောက်  အမျိုးသားနေ့နှင့် (၃၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်း တွင် ရန်ကုန်မြို့ Lotte  Hotel ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဇနီးတို့ တက်ရောက်ကြသည်။


ဦးစွာ    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်      သီချင်းနှင့် ကူဝိတ်နိုင်ငံ  နိုင်ငံတော်သီချင်း တို့ဖြင့်    အခမ်းအနားကို     စတင် ဖွင့်လှစ်သည်။


နှုတ်ခွန်းဆက်ပြောကြား


ထို့နောက် မြန်မာနိုင်ငံဆိုင်ရာကူဝိတ်နိုင်ငံ            သံအမတ်ကြီး H.E.Mr. Mubarak Muhanna Eissa  Aladwani   က   ကြိုဆို နှုတ်ခွန်းဆက်စကား    ပြောကြား သည်။


ယင်းနောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန  (၁)    ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်နှင့်    မြန်မာ နိုင်ငံဆိုင်ရာ         ကူဝိတ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Mubarak Muhanna   Eissa   Aladwani တို့က   ကူဝိတ်နိုင်ငံ၏ (၆၃)နှစ် မြောက်  အမျိုးသားနေ့နှင့် (၃၃) နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်ကိတ်ကို   လှီးဖြတ်ပေးကြ သည်။


ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ


ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊    သံအမတ်ကြီး တို့သည်       တက်ရောက်လာကြသူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး  အခမ်း အနားသို့      တက်ရောက်ကြသူများ ကို  သံအမတ်ကြီးက    ညစာစားပွဲ ဖြင့် တည်ခင်းဧည့်ခံသည်။


တက်ရောက်


အဆိုပါ      အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊   ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့      စည်ပင် သာယာရေးရာဝန်ကြီး ဦးဗိုလ်ဌေး နှင့်ဇနီး၊   ရန်ကုန်မြို့ရှိ  နိုင်ငံခြား သံရုံးများမှ   သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူး များ၊   ကုလသမဂ္ဂဆိုင်ရာ  ဌာနေ ကိုယ်စားလှယ်များနှင့်  တာဝန်ရှိ သူများ၊   ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း  သတင်း ရရှိသည်။      

   
သတင်းစဉ်