ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် UNOCHA ၏ ယာယီအကြီးအကဲအား လက်ခံတွေ့ဆုံ

 

နေပြည်တော်   မေ   ၃၁


အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန    ပြည်ထောင်စုဝန်ကြီး    ဦးကိုကိုလှိုင်သည် ရန်ကုန်မြို့ရှိ     ကုလသမဂ္ဂ    လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ   ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ယာယီအကြီးအကဲ Ms. Danielle Parry ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ   အပြည်ပြည်ဆိုင်ရာ   ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၌       လက်ခံတွေ့ဆုံ သည်။

 


တွေ့ဆုံစဉ်     ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လက်အောက်ခံအဖွဲ့အစည်းများက မိုခါမုန်တိုင်းဒဏ် သင့်     ပြည်သူများအတွက်     လူသားချင်းစာနာ ထောက်ထားမှု  အကူအညီများ   ပေးအပ်ရာတွင် အဆင်ပြေချောမွေ့ရေး၊ ထိရောက်မှုရှိစေရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်မည့်    ကိစ္စများကို ဆွေးနွေးသည်။                                

သတင်းစဉ်